
သြဂုတ် ၁၅ ရက်ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက အိမ်ကွင်းမှာ တိုက်စစ်မှူး ကော်စတာရဲ့ ပွဲပြီး ကာနီး သွင်းတဲ့ ဂိုးနဲ့ ၀က်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ချဲလ်ဆီး နည်းပြသစ် ကွန်တီ အတွက်တော့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ နိုင်ပွဲ ရသွား တာပါ။
ချဲလ်ဆီး အတွက် ဦးဆောင်ဂိုးကို ၄၇ မိနစ်မှာ ကွင်းလယ် ကစားသမား ဟာဇက်က ပင်နယ်တီ ကနေတဆင့် သွင်းယူ ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးက တဘက်သတ် ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ ပါတယ်။
ဝက်စ်ဟမ်းအတွက် ချေပဂိုးကို ၇၇ မိနစ်မှာ ကောလင်းစ်က သွင်းယူပါတယ်။
သရေ တဂိုးစီနဲ့ အဆုံးသတ်တော့မလို ဖြစ်နေတုန်း ၀က်စ်ဟမ်းအသင်း အမှားကနေ ချဲလ်ဆီးတိုက်စစ်မှူး ကော်စတာက ၈၉ မိနစ်မှာ အနိုင်ဂိုးသွင်းယူတာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/164035

No comments:
Post a Comment