
မန်ချက်စတာ စီးတီး အသင်းဟာ သြဂုတ် ၁၆ ရက် ညမှာ ချန်ပီယံလိဂ် ၀င်ခွင့် ခြေစစ်ပွဲ ပထမကျော့ ပွဲစဉ် ကစားဖို့ ရိုမေးနီးယား နိုင်ငံကို ရောက်ရှိ နေပါတယ်။
ပထမအကျော့ ပွဲစဉ်မှာ မန်စီးတီးက ရိုမေးနီးယား ကလပ် စတူအာဘူခါရတ် အသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။
မန်စီးတီးဟာ အနိုင်ရမှ ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်ကနေ ၀င်ခွင့်ရမှာ ဖြစ်ပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ချန်ပီယံလိဂ်မှာ အဝေးကွင်းဂိုးရဖို့ အရေးကြီးတယ်လို့ ပြောဆိုထားပါတယ်။
စတူအာဘူခါရတ်အသင်း နည်းပြကတော့ သူ့အသင်းရဲ့ ကြိုးစားအားထုတ်မှုတွေကို မန်စီးတီးအသင်း မြင်တွေ့ရလိမ့်မယ်လို့ ပြောပါတယ်။
ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်ကို လာမယ့် သြဂုတ် ၂၄ ရက်နေ့ကျရင် မန်စီးတီးက အိမ်ကွင်းမှာ ပြန်လည် ဧည့်ခံရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/164052

No comments:
Post a Comment