
အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မယ့် မြန်မာ ယူ ၁၉ အသင်းဟာ စက်တင်ဘာ ၉ ရက်က ပြိုင်ပွဲ ကျင်းပမယ့် ဗီယက်နမ် နိုင်ငံကို ထွက်ခွာ သွားပါတယ်။
အာဆီယံ ယူ ၁၉ ပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက် ကနေ ၂၄ ရက် အထိ ကျင်းပသွားမှာ ဖြစ်ပြီး အာဆီယံ အသင်း ၁၁ သင်းကို ၅ သင်း တအုပ်စုနဲ့ ၆ သင်း တအုပ်စု ခွဲပြီး ယှဉ်ပြိုင် ကြမှာပါ။
မြန်မာ ယူ ၁၉ အသင်းဟာ အဖွင့် ပွဲစဉ် အဖြစ် စက်တင်ဘာ ၁၂ ရက်မှာ အင်ဒိုနီးရှား အသင်းနဲ့ စတင် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်မှာ သြစတြေးလျ၊ စက်တင်ဘာ ၁၆ ရက်မှာ လာအို၊ စက်တင်ဘာ ၁၈ မှာ ကမ္ဘောဒီးယား၊ စက်တင်ဘာ ၂၀ မှာ ထိုင်း အသင်းတို့နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
တဘက် အုပ်စုမှာတော့ အိမ်ရှင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ အရှေ့တီမော အသင်းတို့ ပါဝင် နေတာ ဖြစ်ပါတယ်။
မြန်မာ ယူ ၁၉ အသင်းဟာ အာဆီယံ ယူ ၁၉ ပြိုင်ပွဲသမိုင်းမှာ ၂၀၀၅ ခုနှစ်တုန်းက ချန်ပီယံ တကြိမ် ရရှိဖူးပေမယ့် နောက်ပိုင်း ပြိုင်ပွဲတွေ မှာတော့ အောင်မြင်မှုနဲ့ ဝေးကွာနေ ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167626

No comments:
Post a Comment