
မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်က ဟားစီးတီးကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
အာဆင်နယ် အတွက် အနိုင်ဂိုး တွေကို တိုက်စစ်မှူး ဆန်းချက်က ၂ ဂိုး၊ ၀ါးကော့နဲ့ ဆာခါတို့က ၁ ဂိုးစီ အသီးသီး သွင်းယူ ပါတယ်။
ဒီပွဲမှာ တိုက်စစ်မှူး ဆန်းချက် ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမား ဆုကို ရရှိ သွားပါတယ်။
အိမ်ရှင် ဟားစီးတီးက မိနစ် ၄၀ မှာ တယောက် အထုတ်ခံရလို့ အာစင်နယ်က သက်တောင့် သက်သာနဲ့ပဲ အနိုင်ယူ သွားပါတယ်။
ဟားစီးတီးအတွက် ချေပဂိုးကို ၇၉ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူတာ ဖြစ်ပါတယ်။
ဒီပွဲနိုင်တဲ့ အာဆင်နယ်က ၁၀ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို တက်သွားပြီး ဇယားထိပ်က မန်စီးတီးရဲ့နောက် ၅ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/168727





No comments:
Post a Comment