
စနေနေ့က ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးက ၄ ဂိုးပြတ်နဲ့ ဘုန်းမောက်ကို အနိုင် ရရှိ သွားပါတယ်။
မန်စီးတီးဟာ ဒီပွဲမှာ ပွဲပယ် ခံထား ရလို့ အဓိက အားထား ရတဲ့ တိုက်စစ်မှူး အဂူရို မပါဘဲနဲ့ ယှဉ်ပြိုင် သွားပါတယ်။
မန်စီးတီး အတွက် အနိုင်ဂိုး တွေကို ဒီဘရိုင်း၊ စတာလင်း၊ ဂန်တိုဂန်တို့က သွင်းယူပါတယ်။
ဒီပွဲမှာ မန်စီးတီးက တဖက် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့် အကြိမ် ၂၀ အထိ ရခဲ့ပါတယ်။
မန်စီးတီး တိုက်စစ်မှူး ဒီဘရိုင်း ခြေစွမ်းပြနိုင်လို့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။
ပွဲအပြီးမှာ ဒီဘရိုင်းရဲ့ ကစားပုံနဲ့ ပက်သက်လို့ နည်းပြ ဂွာဒီယိုလာက ချီးကျုး ကစား ပြောဆိုသွားပါတယ်။
မန်စီးတီးဟာ ၅ ပွဲ ကစား ၅ ပွဲလုံးနိုင်ပြီး ၁၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/168739





No comments:
Post a Comment