မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, September 18, 2016




ဝက်စ်ဟမ်း အသင်းမှာ ပြဿ နာတွေ ရှိနေ တယ်လို့ နည်းပြ ဘီလစ်က ပြောဆို လိုက်ပါတယ်။

မနေ့ညက ၀က်စ် ဘရောင်း အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးတဲ့ ပွဲ အပြီးမှာ နည်းပြ ဘီလစ်က ပြောဆို လိုက်တာပါ။

အဲဒီ ပွဲစဉ် ပထမပိုင်း ကစားချိန် ၁ နာရီ အတွင်းမှာ ၀က်စ်ဟမ်း အသင်းဟာ ၄ ဂိုး အထိ အသွင်းခံ ခဲ့ရပါတယ်။

နောက်ပိုင်းကျမှ ချေပဂိုး ၂ ဂိုး ပြန်သွင်း ယူနိုင်တာပါ။

နည်းပြ ဘီလစ်ကတော့ အသင်းမှာ အားနည်းနေသလို ပြဿနာတွေ ရှိနေလို့ သူအနေနဲ့ ဖြေရှင်းရလိမ့်မယ်လို့ ပြောပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ် ရာသီအစ ကစားပြီးတဲ့ ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးထားတာ ဖြစ်ပါတယ်။

ဒါကြောင့် နည်းပြ ဘီလစ်ရဲ့ အသင်းဟာ ၂၀၁၀၊ ၂၀၁၁ ရာသီအစ နောက်ပိုင်းမှာ အဆိုးဝါးဆုံး ရာသီအစ ပွဲစဉ်တွေနဲ့ ကြုံရတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ ၃ မှတ်ပဲ ရသေးလို့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ မှာ ရှိနေပါတယ်။

By ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/168755

No comments:

Post a Comment