
ချဲလ်ဆီး အသင်း ခေါင်းဆောင် ဂျွန်တယ်ရီဟာ ခြေဖ၀ါး ဒဏ်ရာကြောင့် ၁၀ ရက်လောက် အနားယူ ရတော့မှာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ် အရွယ် တယ်ရီဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ဆွမ်ဆီးနဲ့ ၂ ဂိုးစီ သရေကျတဲ့ ပွဲမှာ ဒဏ်ရာရ ခဲ့တာပါ။
ဒဏ်ရာအတွက် ဓာတ်မှန်ရိုက် စစ်ဆေး အပြီးမှာတော့ တယ်ရီက လာမယ့် စက်တင်ဘာ ၁၆ ရက်နေ့ လီဗာပူးနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်တော့ ဘူးလို့ ပြောဆို ထားပါတယ်။
တယ်ရီ မကစားနိုင်တဲ့အတွက် သူ့နေရာမှာ ပီအက်စ်ဂျီအသင်းကနေ ပြန်လည် ခေါ်ယူထားတဲ့ ဒေးဗစ် လု့ဇ်က ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။
တယ်ရီရဲ့ ချဲလ်ဆီးအသင်းဟာ ၁၀ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/168251





No comments:
Post a Comment