
ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အဖြစ် မန်ယူနဲ့ ၀က်စ်ဟမ်းတို့ နိုဝင်ဘာ ၂၇ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၁ ဂိုးစီ သရေကျ သွားပါတယ်။
အဲဒီပွဲမှာ မန်ယူ နည်းပြ မော်ရင်ဟိုဟာ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ဒိုင်က အ၀ါကတ်ပြတဲ့ အပေါ် မကျေနပ်လို့ ရေဘူးကို ကန်မိတဲ့ အတွက် ကွင်းလယ်ဒိုင်က ကွင်းထဲကနေ ထုတ်ပယ် ခဲ့ပါတယ်။
မော်ရင်ဟို အတွက်တော့ တလ အတွင်းမှာ ဒုတိယ အကြိမ်မြောက် အထုတ် ခံရတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ၀က်စ်ဟမ်း အသင်းက ပွဲအစ ၂ မိနစ်မှာပဲ ဆာခိုသွင်းတဲ့ ဂိုးနဲ့ ဦးဆောင်နိုင် ခဲ့ပေမယ့် ၂၁ မိနစ်မှာ မန်ယူ တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ခ်ျက ချေပဂိုး ပြန်သွင်း ခဲ့တာပါ။
ဒီပွဲသရေကျလို့ မန်ယူက အမှတ် ၂၀ နဲ့ အဆင့် ၆ မှာ ရှိနေပြီး ၀က်စ်ဟမ်းက ၁၂ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/177730





No comments:
Post a Comment