မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 16, 2016

ကလပ်အမေရိကားကိုနိုင်ပြီး ရီးရဲလ် ကမ္ဘာ့ကလပ်ကြီးများ ဖလား ဗိုလ်လုပွဲတက်




ကမ္ဘာ့ ကလပ်ကြီးများ ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ရီးရဲလ် မက်ဒရစ်က ကလပ် အမေရိကား အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွား ပါတယ်။

ဒီပွဲကို ဒီဇင်ဘာ ၁၅ ရက်က ဂျပန်နိုင်ငံ ယိုကိုဟားမားမှာ ယှဉ်ပြိုင် သွားတာပါ။

ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ပြီးကာနီးမှာ တိုက်စစ်မှူး ဘန်ဇီမာက သွင်းယူ ပါတယ်။

ဒီပွဲမှာ မက္ကဆီကိုအသင်းဖြစ်တဲ့ ကလပ်အမေရိကားက ခံစစ်အားပြုပြီး တန်ပြန်တိုက်စစ်တွေကို အသုံးပြုသွားပါတယ်။

အခွင့်အရေးတချို့ရပေမယ့် အဆုံးသတ် မသေချာလို့ ချေပဂိုးနဲ့ လွဲနေတာပါ။

ကမ္ဘာ့ကလပ်ကြီးများဖလားပြိုင်ပွဲမှာ ပထမဆုံးအဖြစ် ကွင်းလယ်ဒိုင်က ဆုံးဖြတ်ချက်ချရာမှာ ဗွီဒီယိုပြကွက်တွေကို အသုံးပြုပြီး ဆုံးဖြတ်တာတွေ ပြုလုပ်သွားပါတယ်။

ဒီဇင်ဘာ ၁၈ ရက်မှာ ယှဉ်ပြိုင်မယ့် ကမ္ဘာ့ကလပ်ကြီးများဖလား ဗိုလ်လုပွဲမှာတော့ ရီးရဲလ်မက်ဒရစ်က ဂျပန်ကလပ် ကာရှီးမာ အန်တလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/179936

No comments:

Post a Comment