မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 16, 2016

ယူ-၁၉ မြန်မာအမျိုးသမီးအသင်း ဟောင်ကောင်အမျိုးသမီး အသင်းကို ၅ ဂိုးပြတ်ဖြင့် အနိုင်ရ




အာရှယူ - ၁၉ ခြေစစ်ပွဲ အတွက် ပြင်ဆင် aနတဲ့ မြန်မာ အမျိုးသမီး ယူ-၁၉ အသင်းဟာ ဒီဇင်ဘာ ၁၅ ရက်က ဟောင်ကောင် အမျိုးသမီး ယူ-၁၉ အသင်းနဲ့ ခြေစမ်း ကစားခဲ့ ရာမှာ ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ခဲ့ပါတယ်။

မြန်မာယူ-၁၉ အသင်းအတွက် ဂိုးတွေကို ခင်မိုမိုထွန်းနဲ့ ဂျူလိုင်ကျော်တို့က ပထမပိုင်းမှာ တဂိုးစီ သွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ သင်းသင်းယုက ၂ ဂိုး၊ သဉ္ဇာချိုက တဂိုး ထပ်သွင်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာယူ-၁၉ အမျိုးသမီးအသင်းဟာ လာမယ့်ဒီဇင်ဘာ ၂၀ ရက်ကစပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှခြေစစ်ပွဲမှာ ထိုင်း၊ ပါလက်စတိုင်း၊ ကာဂျစ္စတန် အမျိုးသမီးအသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံနေပါတယ်။

အုပ်စုပတ်လည်ကစားအပြီးမှာ အမှတ်အများဆုံး အသင်းတသင်းက ၂၀၁၇ ခုနှစ်မှာ ကျင်းပမယ့် အာရှယူ-၁၉ ပြိုင်ပွဲဝင်ခွင့် ရရှိမှာဖြစ်ပါတယ်။

မြန်မာယူ-၁၉ အသင်းဟာ ဒီဇင်ဘာ လ၂၀ ရက်မှာ ပါလက်စတိုင်း၊ ၂၂ ရက်မှာ ကာဂျစ္စတန်၊ ၂၄ ရက်မှာ ထိုင်းအမျိုးသမီးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

မြန်မာယူ-၁၉ အသင်းအနေနဲ့ ဟောင်ကောင်အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် အားနည်းချက်တချို့ ရှိသေးတာကြောင့် ပြိုင်ပွဲမတိုင်ခင် ပြင်ဆင်သွားမယ်လို့ အသင်းနည်းပြချုပ် ဦးဝင်းမြင့်သွင်က ပြောပါတယ်။

အာရှခြေစစ်ပွဲအောင်ဖို့အတွက် ထိုင်းအသင်းနဲ့ အဓိကထား ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာရှဖလား ဝင်ခွင့်ရဖို့ ၈၀ ရာခိုင်နှုန်းလောက်အထိ အခွင့်အရေးရှိတယ်လို့ မြန်မာအမျိုးသမီး ယူ-၁၉ နည်းပြက ပြောပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/179943

No comments:

Post a Comment