Friday, December 9, 2016
မြန်မာအသင်း ထိုင်းကို ၄ ဂိုးပြတ် ရှုံးနိမ့်
မြန်မာ အသင်း အနေနဲ့ ထိုင်း အသင်းကို အဝေး ကွင်းမှာ ပြန်လည် ချေပ ကစားနိုင်ဖို့ အတွက် ပထမ အကျော့နဲ့ မတူပဲ သိသိ သာသာ အားထုတ် ကစားခဲ့ ပေမယ့်လည်း ပွဲအပြီးမှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့် ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေ အနေနဲ့ မျှော်လင့်ချက် တွေနဲ့ အားပေး ခဲ့ကြသလို မြန်မာနိုင်ငံမှာ ရှိတဲ့ ပရိသတ်တွေ အနေနဲ့လည်း တာဝန်ကျေပွန်စွာနဲ့ အားပေး ခဲ့ကြပါတယ်။
မြို့တော်ခန်းမရှေ့မှာပရိသတ် ၅ ထောင်ကျော် နီးပါး လာရောက် အားပေးခဲ့ ကြပါတယ်။
အားပေးနေတဲ့ အချိန်မှာလည်း မြန်မာ-မြန်မာလို့ အော်ပြီး အားပေး ခဲ့ကြသလို ဘောလုံး ရှုံးပေမယ့် ပရိသတ်တွေ မရှုံးခဲ့ဘူးလို့ အော်ခဲ့ ကြပါတယ်။
မြန်မာအသင်း အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးကန်သွင်း ခွင့်တွေ ကန်သွင်းချက် တွေဟာ ဂိုးရလု နီးပါးဖြစ် ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ ဂိုးပြတ် ရှုံးနိမ့် ခဲ့တာပါ။
အခုပွဲရလဒ်ကြောင့် လက်ရှိ ချန်ပီယံ ထိုင်းအသင်းက နှစ်ကျော့ပေါင်း ရလဒ် ၆-၀ နဲ့ ဗိုလ်လုပွဲမှာ အင်ဒိုနီးရှား အသင်းနဲ့ ကစားရတော့မှာပဲဖြစ်ပါတယ်။
သတင်း၊ဓာတ်ပုံ-ထက်လူ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/179161
Subscribe to:
Post Comments (Atom)
No comments:
Post a Comment