
တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ကို ပူးတွဲ လေ့ကျင့် ခြေစမ်း ပွဲတွေ ကစားဖို့ ရောက်ရှိတဲ့ မြန်မာယူ ၁၈ အသင်းဟာ အဖွင့် ပွဲစဉ် အဖြစ် ကွမ်ကျိုး အသက် ၁၈ နှစ်အောက် လက်ရွေးစင် အသင်းနဲ့ ဒီနေ့ ဒေသ စံတော်ချိန် ညနေ ၃း၃၀ အချိန်မှာ ဇူလီယို အားကစား စင်တာမှာ ယှဉ်ပြိုင် ကစားမယ်လို့ မြန်မာ ဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန် ပါယတ။်
အုပ်ချုပ်နည်းပြ အဖွဲ့ဝင် ၇ ဦး၊ ပဏာမ ကစားသမား ၂၅ ဦးပါဝင်တဲ့ မြန်မာယူ ၁၈ အသင်းဟာ ဒီဇင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ကွမ်ကျိုးမြို့ကို စတင်ရောက်ရှိပြီး ဒီဇင်ဘာ ၉ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဝမ်ယင်လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာယူ၁၈ အသင်းဟာ ဒီဇင်ဘာ ၈ ရက်ကနေ ၂၇ ရက်နေ့အထိ ရက်ပေါင်း ၂၀ လောက်ကြာ လေ့ကျင့်မှာဖြစ်ပြိး ဒေသခံအသင်းတွေနဲ့ စုစုပေါင်း ခြေစမ်းပွဲ ၆ ပွဲနဲ့ အထက် ယှဉ်ပြိုင်ကစားသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/179264

No comments:
Post a Comment