
မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နာမည်ကြီး မန်စီးတီး အသင်း လက်စတာကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့် သွားပါတယ်။
အိမ်ရှင် လက်စတာ အတွက် အနိုင်ဂိုးတွေကို ကင်းက ၁ ဂိုးနဲ့ ဗာဒီက ဟတ်ထရစ် ဂိုးသွင်း ယူပါတယ်။
ဒီပွဲနိုင်လို့ လက်ရှိ ချန်ပီယံ လက်စတာ အသင်းရဲ့ ပရီးမီးယားလိဂ်မှာ ၅ ပွဲ ဆက်တိုက် နိုင်ပွဲ မရသေးတဲ့ စံချိန်တွေကို ရပ်တန့် သွားပါတယ်။
ဒီပွဲမှာ မန်စီးတီး နောက်တန်း အမှားအယွင်း များခဲ့ ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကိုတော့ လက်စတာ တိုက်စစ်မှူးဗာဒီက ရရှိသွားပါတယ်။
နည်းပြ ဂွါဒီယိုလာ ကတော့ ဘောလုံး အားကစား ဆိုတာ အမှားအယွင်းတွေနဲ့ မကင်းပါဘူး။ ဒီရှုံးပွဲအပေါ် ကစားသမားတွေကို အပြစ်မတင်ဘဲ ကျနော်ကိုယ်တိုင်ပဲ သုံးသပ် အဖြေရှာ သွားမှာပါလို့ ပြောပါတယ်။
ဒီပွဲရှုံးတဲ့ မန်စီးတီးက အမှတ် ၃၀ နဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး လက်စတာက ၁၆ မှတ်နဲ့ အဆင့် ၁၄ နေရာကို တက်လှမ်း သွားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/179367

No comments:
Post a Comment