မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 11, 2016

အမျိုးသမီးလိဂ် အဖွင့်ပွဲတွင် သစ္စာအားမာန်အသင်းမှ ဂန္ဓမာ အသင်းအား ၅ ဂိုးပြတ်ဖြင့်နိုင်




မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ် စတင် ကျင်းပတဲ့ အမျိုးသမီးလိဂ် ပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်က အောင်ဆန်းကွင်းမှာ စတင် ကျင်ပ ခဲ့ပါတယ်။

ပွဲစဉ် ၁ အဖွင့် ပွဲစဉ်မှာ သစ္စာ အားမာန် အသင်းနဲ့ ဂန္ဓမာ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ပြီး သစ္စာ အားမာန် အသင်းက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ခဲ့ပါတယ်။

သစ္စာအားမာန် အသင်းဟာ ပြည်ထဲရေး ဝန်ကြီဌာနက ဖွဲ့စည်းထား တဲ့ အသင်းဖြစ်ပြီး လက်ရွေးစင် ကစားသမားတွေ ဖြစ်တဲ့ စန်းစန်းမော်၊ ခင်မိုးဝေ၊ ဇင်မာဝင်း၊ နော်အားလိုဝါးဖောတို့ ပါဝင် ပွဲထွက် ကစားခဲ့ ပါတယ်။

ဂန္ဓမာ အသင်းဟာ ကာကွယ်ရေး ဝန်ကြီးဌာနက ဖွဲ့စည်း လိုက်တဲ့ အမျိုးသမီး အသင်းနှစ်သင်းထဲက တသင်းဖြစ်ပြီး စီနီယာ အသင်းဖြစ်တဲ့ မြဝတီ အသင်းကိုပဲ ချန်ပီယံဖြစ်ဖို့ ရည်းမှန်း ထားတယ်လို့ ဂန္ဓမာ အသင်းနဲ့ မြဝတီအသင်း စီအီးအို ဦးမြတ်စိုး ကပြောပါတယ်။

အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲ ကျင်းပတာဟာ အနာဂတ် အတွက် ကောင်းမွန်ပြီး လက်ရွေးစင် အသင်းအတွက် ရွေးချယ်စရာ ကစားသမား ပိုများလာမှာဖြစ်တယ်လို့ သစ္စာအားမာန် အသင်း ခေါင်းဆောင် စန်းစန်းမော်ကပြောပါတယ်။

အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁) လက်ကျန်ပွဲစဉ်တွေကို ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်မှာ မြဝတီနဲ့ဇွဲကပင် ဒီဇင်ဘာ ၁၂ ရက်မှာ ပညာရေးဝန်ကြီးဌာန (M.O.E) အသင်းနဲ့ အားကစားနဲ့ ကာယပညာ အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

From : ဒီဗွီဘီ By လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/179371

No comments:

Post a Comment