Wednesday, December 14, 2016
အဲဗာတန်က အာဆင်နယ်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)
ဒီဇင်ဘာ ၁၃ ရက် ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန်က အာဆင်နယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
အာဆင်နယ်တွက် ဦးဆောင် ဂိုးကို မိနစ် ၂၀ မှာ တိုက်စစ်မှူး ဆန်းချက်ဇ်က သွင်းယူပြီး အဲဗာတန် အတွက် ချေပဂိုးကို ၄၄ မိနစ်မှာ ကိုးမန်းက သွင်းယူပါတယ်။
ဒီပွဲမှာ အာဆင်နယ်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ အဲဗာတန်က ပိုရခဲ့ပါတယ်။
တဂိုးစီသရေနဲ့ အဆုံးသတ်တော့မလို ဖြစ်နေတုန်း ၈၆ မိနစ်လောက်မှာ အဲဗာတန်အတွက် အနိုင်ဂိုးကို ၀ီလျံစ်က သွင်းယူပါတယ်။
အာဆင်နယ်ဟာ ဒီပွဲရှုံးလို့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်ခွင့်နဲ့ လွဲသွားပါတယ်။
လောလောဆယ် အာဆင်နယ်က ၃၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၃ မှတ်အကွာမှာ ရှိနေပါတယ်။
အဲဗာတန်ကတော့ ၂၃ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/179698
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment