
ဘုန်းမောက်နဲ့ လက်ရှိ ချန်ပီယံ လက်စတာ တို့ရဲ့ ဒီဇင်ဘာ ၁၃ ရက် ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘုန်းမောက်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
အိမ်ရှင် ဘုန်းမောက် အတွက် ဦးဆောင်ဂိုးကို ၃၄ မိနစ်မှာ ပတ်က သွင်းယူ ပါတယ်။
ဒီပွဲမှာ ဘုန်းမောက်က ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပေမယ့် လက်စတာက ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေ ပိုရခဲ့ပါတယ်။
လက်စတာနည်းပြ ရိုင်နရီကတော့ အခွင့်အရေးတွေ ပိုရခဲ့ပေမယ့် အသုံးမချနိုင် ခဲ့ဘူးလို့ ပြောပါတယ်။
ဒီပွဲနိုင်တဲ့ ဘုန်းမောက်ကတော့ ၂၁ မှတ်နဲ့ အသင်းရဲ့သမိုင်းမှာ အမြင့်ဆုံးအဖြစ် အဆင့် ၈ နေရာကို တက်လှမ်း သွားပါတယ်။
လက်စတာကတော့ ၁၆ မှတ်နဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/179698

No comments:
Post a Comment