Thursday, December 8, 2016
ဗီယက်နမ်ကို သရေကန်ပြီး အင်ဒို အသင်း ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)
အာဆီယံ ဆူဇူကီး ဖလား ၂၀၁၆ ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ အဖြစ် ဗီယက်နမ်နဲ့ အင်ဒို နီးရှားတို့ ဒီဇင်ဘာ ၇ ရက်ညနေက ယှဉ်ပြိုင်ရာ ၂ ဂိုးစီ သရေ ကျပြီး နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ အင်ဒို နီးရှား အသင်း အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက် သွားပါတယ်။
ပထမ အကျော့ အင်ဒိုကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့် ခဲ့တဲ့ ဗီယက်နမ် အသင်းဟာ အခု အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ အနိုင်ရဖို့ အတွက် ကြိုးစားခဲ့ သလို သာမန်ပွဲ ကစားချိန် မိနစ် ၉၀ ပြည့်တဲ့ အချိန်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ခဲ့တာပါ။
သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုးစီသရေဖြစ်နေလို့ အချိန်ပိုဆက်လက် ကန်ရာ ပွဲချိန် ၉၇ မိနစ်မှာ အင်ဒိုနီးရှား အသင်းက ၁ ဂိုး ထပ်သွင်း ခဲ့ပြီး အနိုင်ရ ခဲ့တာပါ။
ပွဲချိန် ၇၅ မိနစ်မှာ ဗီယက်နမ် ဂိုးသမား အနီကတ်နဲ့ အထုတ်ခံ ခဲ့ရပြီး တယောက်လျော့ အနေအထား ဖြစ်သွားတဲ့ အတွက်လည်း အင်ဒိုနီးရှားက ပွဲကို ထိန်းချုပ် ကစားပြီး လိုအပ်တဲ့ အနိုင်ဂိုးသွင်းယူ အောင်ပွဲခံ သွားတာ ဖြစ်ပါတယ်။
ဒီနေ့ညနေ ဒေသ စံတော်ချိန် ၆ နာရီခွဲမှာ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် အဖြစ် ထိုင်းအသင်းနဲ့ မြန်မာ အသင်းတို့ ဘန်ကောက်မြို့မှာ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းဟာ အင်ဒိုနီးရှားနဲ့ ဗိုလ်လုပွဲမှာတွေ့ဆုံ ယှဉ်ပြိုင်ရမှာပါ။
ပထမအကျော့ ရန်ကုန်မြို့မှာ ယှဉ်ပြိုင်စဉ်တုန်း ကတော့ ထိုင်းအသင်းက မြန်မာကို ၂ ဂိုးပြတ်နဲ့ အနိုင်ရ ထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/179022
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment