မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, January 14, 2017

မန်ယူနှင့်ယှဉ်ပြိုင်ရန် ကြောက်ရွံ့ခြင်းမရှိဟု လီဗာပူးလ်နည်းပြ ကလော့ပ်ပြောကြား




ဇန်န၀ါရီ ၁၄၊ အင်္ဂလန် ။ ။ အိုးလ်ထရက်ဖို့ဒ် ကွင်းသို့ သွားရောက်ပြီး မန်ယူ အသင်းကို ရင်ဆိုင် ကစားရန် ကြောက်ရွံ့ခြင်း မရှိကြောင်း လီဗာပူးလ် အသင်းနည်းပြ ဂျာဂင် ကလော့ပ်က ပြောဆို လိုက်သည်။

လက်ရှိတွင် မန်ယူ အသင်းမှာ ပြိုင်ပွဲပေါင်းစုံတွင် ၁၅ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစား ထားပြီး ပရီးမီးယား လိဂ်တွင် ၉ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ ကစားထားသည်။ ထို့အပြင် နောက်ဆုံး ၈ ပွဲဆက်တိုက် ကိုလည်း အနိုင်ရရှိ ထားသည်။

လီဗာပူးလ် အသင်းမှာမှု နောက်ဆုံး ကစားခဲ့သော ပရီးမီးယားလိဂ် ပွဲတွင် ဆန်းဒါးလန်းနှင့် သရေကျထား သလို အက်ဖ်အေ ဖလားတွင်လည်း ပလိုင်းမောက် အသင်းနှင့် သရေကျ ခဲ့သည်။ ထို့အပြင် ကြားရက်က ကစားခဲ့သော လိဂ်ဖလား ဆီမီးဖိုင်နယ်ပထမ အကျော့တွင်လည်း ဆောက်သမ်တန်ကို ရှုံးနိမ့် ထားရသည်။

သို့သော် လီဗာပူးလ်နည်းပြ ကလော့ပ်က ‘အိုးထရက်ဖို့ဒ်မှာ မန်ယူနဲ့ သွားကစားဖို့ လုံးဝကြောက်ရွံ့မှု မရှိပါဘူး။ ဘာကိုကြောက်ရွံ့ ရမှာလဲ။ အခုအခြေ အနေမှာ ဘာမဆိုဖြစ်ပျက် သွားနိုင်ပါတယ်။

လာမယ့်ပွဲမှာ မန်ယူအနေနဲ့ အကောင်းဆုံးပုံစံ မရဘဲလည်း ဖြစ်နိုင်ပါတယ်။ ဒါကို ဘယ်သူမှ ကြိုမသိ နိုင်ပါဘူး။ အခု အချိန်မှာတော့ ကျွန်တော့် အနေနဲ့ ၁၀၀ ရာခိုင်နှုန်း အကောင်းမြင် ထားပါတယ်။ ပြိုင်ပွဲကိုပဲ ရှေးရှုပြီး အာရုံစိုက် ထားပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်​ညွှန်း ​ဆော်​ကာ​ဝေး

From : မဇ္ဈိမ မီဒီယာ By: အောင်ငြိမ်းသွေး

Originally published at - http://mizzimaburmese.com/article/22322


No comments:

Post a Comment