မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, January 14, 2017

ကိုပါဒယ်ရေး ကွာတားဖိုင်နယ်တွင် ရီးယဲလ်၊ ဘာကာနှင့် အက်သလက်တို့ အချင်းချင်း ရှောင်လွှဲနိုင်ခဲ့ကြ




ဇန်န၀ါရီ ၁၄၊ စပိန်။ ။ စပိန် ကိုပါဒယ်ရေး ဖလား ကွားတားဖိုင်နယ် ပွဲစဉ်များကို မဲခွဲ ခဲ့ရာတွင် လာလီဂါ ထိပ်သီး အသင်းကြီးများ ဖြစ်သည့် ဘာစီလိုနာ၊ ရီးယဲလ်နှင့် အက်သလက် တီကို အသင်းတို့မှာ အချင်းချင်း ရှောင်လွှဲနိုင် ခဲ့ကြသည်။

လက်ရှိ ချန်ပီယံ ဘာစီလိုနာ အသင်းမှာ ဆိုစီဒက် အသင်းနှင့်ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး ရီးယဲလ် အသင်းမှာ ဆဲလ်တာ ဗီဂိုအသင်းနှင့် တွေ့ဆုံနေသည်။

အက်သလက်တီကိုအသင်းမှာမူ အီဘာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့သည့် အသင်းရှစ်သင်းတွင် စပိန်အောက်တန်းလိဂ်မှ အယ်လ်ကော်ကွန်တစ်သင်းသာ ပါဝင်ခဲ့ပြီး ယင်းအသင်းမှာ အလာဗက်စ်အသင်းနှင့်
တွေ့ဆုံလျက် ရှိသည်။

ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ပွဲစဉ်များ၏ ပထမကျော့ ပွဲစဉ်များကို ကြားရက်များတွင် ကစားကြမည်ဖြစ်ပြီး ဒုတိယ အကျော့ပွဲစဉ် များကို နောက်တစ်ပတ် ကြားရက်များတွင် ကစားမည် ဖြစ်သည်။

၁၆ သင်းအဆင့်တွင် ဘီလ်ဘာအိုအသင်းကို ကျော်ဖြတ်လာခဲ့သည့် ဘာစီလိုနာအသင်းသည် ကိုပါဒယ်ရေးဖလားကို ၂ နှစ်ဆက်တိုက်ရရှိထားခြင်းဖြစ်ပြီး ယခုနှစ်တွင် ထပ်မံ ဗိုလ်စွဲ ခဲ့ပါက ၁၉၅၃ ခုနှစ်နောက်ပိုင်း သုံးနှစ်ဆက်တိုက်ဗိုလ်စွဲနိုင်သည့် ပထမဆုံး အသင်းဖြစ်လာမည် ဖြစ်သည်။

ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ပွဲစဉ်များ
  1. ဆိုစီဒက် - ဘာစီလိုနာ
  2. အယ်လ်ကော်ကွန် - အလာဗက်စ်
  3. အက်သလက်တီကို - အီဘာ
  4. ရီးယဲလ် - ဆဲလ်တာဗီဂို
  5. ရည်ညွှန်း ဘီဘီစီ

From : မဇ္ဈိမ မီဒီယာ By: အောင်ငြိမ်းသွေး

Originally published at - http://mizzimaburmese.com/article/22319

No comments:

Post a Comment