မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, January 14, 2017

ပီအက်ဗွီတောင်ပံကစားသမား နာဆစ်ကို ဆွမ်ဆီးခေါ်ယူ



ဇန်န၀ါရီ ၁၃၊ အင်္ဂလန် ။ ။ ဆွမ်ဆီး အသင်းသည် ဟော်လန် ကလပ် ပီအက်စ်ဗွီ အသင်းမှ ညာတောင်ပံ ကစားသမား လူစီယာနို နာဆစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄ သန်းဖြင့် ခေါ်ယူ လိုက်ပြီ ဖြစ်သည်။

အသက် ၂၆ နှစ် အရွယ်ရှိ ဟော်လန် လက်ရွေးစင် ကစားသမား နာဆစ်သည် ပရီးမီးယားလိဂ်တွင် ရုန်းကန်နေ ရသည့် ဆွမ်ဆီးသို့ ၂ နှစ်ခွဲ စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

နာဆစ်သည် ဆွမ်ဆီးနည်းပြသစ် ပေါလ်ကလီးမန့်၏ပထမဆုံးကစားသမားခေါ်ယူမှုဖြစ်ပြီး ဆွမ်ဆီးတွင် ကျောနံပါတ် ၂၈ ကို ၀တ်ဆင်ကစားမည်ဖြစ်သည်။

စာချုပ်ချုပ်ဆိုပြီးနောက်တွင် နာဆစ်က ‘လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်ကတည်းက ပရီးမီးယားလိဂ်ပွဲတွေကို ကြည့်ခဲ့ပါတယ်။ ဆွမ်ဆီးရဲ့ ကစားပုံက ကောင်းပါတယ်။ ဒါကြောင့်ပဲ ဆွမ်ဆီးကို လာခဲ့တာပါ။ ဒီနေရာက ကျွန်တော်ကစားချင်တဲ့ နေရာပါပဲ။ ပရီးမီးယားလိဂ်က အကောင်းဆုံးလိဂ်တစ်ခုပါ။ ဆွမ်ဆီးကလည်း အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ ဒါကြောင့် ဆွမ်ဆီးက ကျွန်တော့်အတွက် အကောင်းဆုံးအသင်းဖြစ်ပါတယ်။

ကျွန်တော့်အသက်က အခု ၂၆ နှစ်ပါ။ ဟော်လန်မှာ ပီအက်စ်ဗွီနဲ့ဖလားနှစ်လုံးရခဲ့ပါတယ်။ ဒါကြောင့် ဒီအချိန်က ပရီးမီးယားလိဂ်ကို လာဖို့ အကောင်းဆုံးအချိန်ပါပဲ။

ဆွမ်ဆီးက လက်ရှိမှာ ရုန်းကန်နေရပေမယ့် ကစားသမားကောင်းတွေရှိနေလို့ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်မယ်လို့ ယုံကြည်ပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

From : မဇ္ဈိမသတင်းဌာန By: အောင်ငြိမ်းသွေး

Originally published at - http://mizzimaburmese.com/article/22316

No comments:

Post a Comment