
စနေနေ့ ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ အဲဗာတန်က ဆန်းဒါးလန်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။
အဲဗာတန် အသင်းဟာ အိမ်ကွင်း ပွဲစဉ်မှာ ၈ ပွဲအထိ ရှုံးပွဲ မရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ အဲဗာတန် အတွက် ဦးဆောင်ဂိုးကို မိနစ် ၄၀ မှာ ဂိုင်းက သွင်းယူ ပါတယ်။
ဒီပွဲမှာ အဲဗာတန်ကပဲ ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူ ထိန်းချုပ်ကစားသွားပြီး ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
ဆန်းဒါးလန်း အသင်း အဲဗာတန်ဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
အဲဗာတန်အတွက် အနိုင်ရလဒ်ကို သေချာစေတဲ့ ဒုတိယဂိုးကို မိနစ် ၈၀ မိနစ်မှာ တိုက်စစ်မှူး လူကာကူက သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ အဲဗာတန်က ၄၄ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၇ မှာ ရှိနေပြီး ဆန်းဒါးလန်းကတော့ ၁၉ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/191614





No comments:
Post a Comment