
ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် အင်္ဂလန်ထိပ်သီး မန်ချက်စတာ ယူနိုက်တက်နဲ့ ရုရှားကလပ် ရော့စ်တော့ဗ်တို့ မတ်လ ၁၆ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ကွာတား ဖိုင်နယ် တက်ရောက် သွားပါတယ်။
မန်ယူ အတွက် တလုံး တည်းသော အနိုင်ဂိုးကို ပွဲချိန် မိနစ် ၇၀ မှာ ကွင်းလယ်လူ မာတာက အနီးကပ် ပိတ်သွင်းပြီး ရယူပေး ခဲ့တာပါ။
ဒီပွဲမှာ မန်ယူက အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အပြတ် အသာစီးရခဲ့ပါတယ်။
ရော့စ်တော့ဗ်အသင်းရဲ့ အပိုင်ကန်သွင်းချက်တချို့ကို မန်ယူဂိုးသမား ရိုမဲရိုး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တဲ့အတွက်လည်း မန်ယူတို့ ချေပဂိုး မပေးခဲ့ရတာပါ။
ဒီနေ့ပွဲစဉ်မှာ မန်ယူ အနိုင်ရခဲ့ပေမယ့် အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ နောက်ခံလူ ဒါလေဘလိုင်းတို့ ဒဏ်ရာတွေရခဲ့ကြပြီး လူစားလဲခဲ့ရပါတယ်။
မန်ယူဟာ ပထမအကျော့ ရုရှားမြေမှာ ကန်ခဲ့တုန်းက တဘက်တဂိုးစီ သရေကျခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/195618

No comments:
Post a Comment