
ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးပြီး အမှတ်ပေး ဇယားမှာ တန်းဆင်းဇုန် အဆင့် ၁၉ နေရာ ရောက်ရှိ သွားတဲ့ အတွက် မစ်ဒယ်ဘရော့ အသင်းဟာ နည်းပြ ကရန်ကာကို ရာထူးက ထုတ်ပယ် လိုက်ပါတယ်။
မစ်ဒယ်ဘရော့ အသင်းဟာ အခုနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၄ ပွဲသာ ရရှိခဲ့ပြီး ၁၀ ပွဲ သရေ၊ ၁၃ ပွဲ ရှုံးခဲ့ ပါတယ်။
စပိန်နိုင်ငံသား ကရန်ကာဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကတည်းက ကစားသမားသစ် ခေါ်ယူရေးနဲ့ ပတ်သက်ပြီး မစ်ဒယ်ဘရော့အသင်း တာဝန်ရှိသူတွေနဲ့ ကတောက်ကဆ ဖြစ်ခဲ့တာပါ။
မစ်ဒယ်ဘရော့အသင်းအနေနဲ့ လာမယ့် မတ် ၁၉ ရက်နေ့မှာ မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဒီပွဲမတိုင်ခင် ကရန်ကာကို ရာထူးကနေ ထုတ်ပယ်လိုက်တာပါ။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/195657

No comments:
Post a Comment