Friday, March 17, 2017
ယူရိုပါလိဂ် နောက်ဆုံး ဗိုလ်လုပွဲ အတွက် လက်မှတ်များ စတင်ရောင်းချ
ယူရိုပါလိဂ် ဗိုလ်လုပွဲ လက်မှတ်တွေကို ဒီကနေ့ စတင် ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။
ယူရိုပါလိဂ် နောက်ဆုံး ဗိုလ်လုပွဲကို လာမယ့် မေလ ၂၄ ရက်နေ့ ကျရင် ဆွီဒင်နိုင်ငံရှိ ဖရန့် အရီနာ (Friends Arena) ကွင်းမှာ ကျင်းပမှာပါ။
ဒီကွင်းဟာ ပရိသတ် ၄၈၀၀၀ ဆန့်တဲ့ကွင်း ဖြစ်ပေမယ့် ပြည်ပ ပရိသတ်တွေ အတွက် လက်မှတ်စောင်ရေ ၃၇၀၀၀ ပဲ ရောင်းချပေး သွားမှာဖြစ်ပြီး လက်မှတ် တန်ဖိုး အနည်းဆုံး ၄၅ ယူရိုကနေ အမြင့်ဆုံး ယူရို ၁၅၀ ဖြစ်ပါတယ်။
ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားမယ့် အသင်းနှစ်သင်းမှ ပရိသတ်တွေ အတွက် လက်မှတ်ခွဲတမ်း ၁၀၀၀၀ စီ၊ ပြင်ပ ပရိသတ်တွေ အတွက် လက်မှတ်စောင်ရေ ၁၇၀၀၀ သတ်မှတ် ထားပါတယ်။
အခုရောင်းချတာဟာ ပြင်ပပရိသတ်တွေ အတွက်ဖြစ်ပြီး အွန်လိုင်းက တဆင့် ရောင်းချမှာဖြစ်သလို မတ် ၂၈ ရက်နေ့မှာ လက်မှတ်ရောင်းချတာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/195681
Labels:
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment