
ပရီးမီးယားလိဂ် ရာသီ အပိတ် နောက်ဆုံး ပွဲစဉ် အဖြစ် မန်ယူနဲ့ ခရစ္စတယ် ပဲလေ့စ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်ယူက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားဖို့ ရှိနေတဲ့ မန်ယူ အသင်းဟာ ဒီပွဲမှာ ရွန်နီ၊ ပေါ့ဂ်ဘာ၊ လင်ဂတ်၊ ဘိုင်လီနဲ့ ဖီးလ်ဂျုံးစ်တို့ကို လူငယ် ကစားသမား တွေနဲ့ တွဲဖက်ပြီး ယှဉ်ပြိုင် ခဲ့တာပါ။
မန်ယူ လူငယ် ကစားသမားတွေဟာ အသင်းကြီးနဲ့ ပွဲထွက်ခွင့် ရတဲ့ အချိန် ခြေစွမ်းပြပြီး ကြိုးစား ကစားခဲ့ ကြပါတယ်။
မန်ယူအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၅ မိနစ်မှာ လူငယ်ကစားသမား ဟာရော့ပ်က ပဲလေ့စ် ဂိုးဧရိယာထဲကနေ လှလှပပ ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။
ဒီ့နောက် ၁၉ မိနစ်မှာ ပေါ့ဂ်ဘာက မန်ယူအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။
မန်ယူဟာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အနည်းငယ် အသာစီးရယူ ကစားနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ မန်ယူလူငယ်ကစားသမား ဟာရော့ပ်ကို ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဘောလုံးရာသီ နောက်ဆုံးပိတ်ပွဲစဉ်အပြီးမှာတော့ မန်ယူက ရမှတ် ၆၉ မှတ်နဲ့ အဆင့် ၆၊ ခရစ္စတယ်ပဲလေ့စ်ကတော့ ၄၁ မှတ်နဲ့ အဆင့် ၁၄ မှာ အသီးသီး ရပ်တည်နိုင်ခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/207883





No comments:
Post a Comment