မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 14, 2017

တိုက်စစ်မှူး ဆန်းချက်ဇ် အာဆင်နယ်တွင် ဆက်နေဖွယ် ရှိ




အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တ ပတ်က ပရီးမီးယားလိဂ် ထိပ်သီး ပြိုင်ဘက်တွေ ဖြစ်တဲ့ ချဲလ်ဆီး အသင်းနဲ့ မန်စီးတီး အသင်းကို ပြောင်းရွှေ့ မယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့ပေ မယ့်လည်း အာဆင်နယ် အသင်းမှာပဲ ဆက်နေ သွားဖို့ ရှိနေ ပါတယ်။

အာဆင်နယ်အသင်း အနေနဲ့ ဆန်းချက်ဇ်ကို ပိတ်ပင် ထားလိုခြင်း မရှိဘူး ဆိုပေမယ့် ဆန်းချက်ဇ်ကို ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်း ထားတာတွေကို လုံးဝ ရောင်းထုတ်မှာ မဟုတ် ဘူးလို့ ထုတ်ပြန် ခဲ့တာပါ။

ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းအတွက် ပြီးခဲ့တဲ့ရာသီက ၃၈ ပွဲကစား ၂၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်ထိ ပြုလုပ်ပေးခဲ့လို့ အားထားရတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပါတယ်။

နည်းပြ အာစင်ဝင်းဂါးကတော့ လာမယ့်ရာသီ ပြင်ဆင်မှုအနေနဲ့ ပေါင်သန်း ၁၀၀ အသုံးပြုသွားဖွယ် ရှိတယ်လို့လည်း သတင်းတွေ ထွက်နေခဲ့ပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/212325

No comments:

Post a Comment