မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, April 24, 2017

ရီးရဲလ်ကို အနိုင်ယူပြီး ဘာစီလိုနာ အမှတ်ပေးဇယား ထိပ်ဆုံးရောက်




စပိန် လာလီဂါ ပွဲစဉ် အဖြစ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ဧပြီ ၂၃ ရက်ညက ယှဉ်ပြိုင်ရာ ဘာစီ လိုနာက တိုက်စစ်မှူး မက်ဆီရဲ့ ခြေစွမ်းပြ ဂိုးသွင်း မှုတွေနဲ့ အတူ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ရီးရဲလ် အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဘာစီလိုနာက ကစားနေကျ ပုံစံအတိုင်း ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်ပေမယ့် ဂိုးကန်သွင်းခွင့် မှာတော့ ရီးရဲလ်က အသာရ ခဲ့ပါတယ်။

အဖွင့်ဂိုး ကိုတော့ ရီးရဲလ်က ရယူနိုင် ခဲ့တာဖြစ်ပြီး ပွဲချိန် ၂၈ မိနစ်မှာ ကတ်စ်မဲရိုးက သွင်းယူပေး ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၃၃ မိနစ်မှာ ဘာစီလိုနာအတွက် မက်ဆီက ချေပဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ တဂိုးစီသရေကျခဲ့ပါတယ်။

ဒီ့နောက် ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို ၇၃ မိနစ်မှာ ရာကီတစ်က သွင်းယူပေးခဲ့ပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာ ရီးရဲလ်နောက်ခံလူ ရာမို့စ် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့လည်း ရီးရဲလ် ဆယ်ယောက်တည်းနဲ့ ဆက်ကစားခဲ့ရပါတယ်။

ဒီ့နောက် ရီးရဲလ်အတွက် ချေပဂိုးကို ၈၅ မိနစ်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က သွင်းယူပေးခဲ့ပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ မက်ဆီက အနိုင်ဂိုးသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ဘာစီလိုနာက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲအနိုင်ရခဲ့တဲ့ ဘာစီလိုနာဟာ ရီးရဲလ်ထက် တပွဲပိုကစားပြီး ရမှတ် ၇၅ မှတ်နဲ့ ရမှတ်ချင်း တူပေမယ့် ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်ထားနိုင်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/202703

No comments:

Post a Comment