
အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ မန်စီးတီးတို့ ဧပြီ ၂၃ ရက်ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က အချိန်ပိုမှာ တိုက်စစ်မှူး ဆန်းချက်ဇ်နဲ့ သွင်းဂိုး အပါ အဝင် ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်လှမ်း သွားပါတယ်။
ဒီပွဲအတွက် အဖွင့်ဂိုး ကိုတော့ မန်စီးတီးက သွင်းယူနိုင် ခဲ့ပြီး ပွဲချိန် ၆၂ မိနစ်မှာ တိုက်စစ်မှူး အဂွေရိုက သွင်းယူပေး ခဲ့တာပါ။
ဒီပွဲကို အာဆင်နယ် ကွင်းမှာ ယှဉ်ပြိုင် ရပေမယ့်လည်း မန်စီးတီးက ဘောလုံး ပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့် မှာပါ အပြတ် အသာစီး ရခဲ့ပါတယ်။
အာဆင်နယ်အတွက် ချေပဂိုးကို ပွဲချိန် ၇၁ မိနစ်မှာ မွန်ရီယယ်က သွင်းယူပေးခဲ့ပါတယ်။
သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အထိ တဘက် ၁ ဂိုးစီ သရေဖြစ်နေလို့ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာ အချိန်ပို ပထမပိုင်း ၁၁ မိနစ်မှာပဲ အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ်က အနိုင်ဂိုးသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။
အက်ဖ်အေဖလား နောက်ဆုံးဗိုလ်လုပွဲအဖြစ် ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ လာမယ့် မေလ ၂၇ ရက်နေ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/202703

No comments:
Post a Comment