မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, March 4, 2017

စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှု မရှိလျှင် အနားယူမည်ဟု မန်ယူ ကွင်းလယ်လူ ကာရစ် ပြော




ရာသီ အကုန်မှာ မန်ယူ အသင်းက စာချုပ် သက်တမ်း တိုးဖို့ ကမ်းလှမ်းမှု မရှိခဲ့ဘူး ဆိုရင် ကစားသမား ဘဝကနေ အနားယူဖွယ် ရှိတယ်လို့ ကွင်းလယ် ကစားသမား မိုက်ကယ် ကာရစ်က ပြောကြား လိုက်ပါတယ်။

အသက် ၃၅ နှစ် ရှိပြီဖြစ်တဲ့ မိုက်ကယ် ကာရစ်ဟာ ၂၀၀၆ ခုနှစ် ကတည်းက စပါးအသင်း ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး လာမယ့်ဇွန်လအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

တခြားအသင်းမှာ ဘောလုံးဆက်ကစားဖို့ ရှိတော့မှာမဟုတ်ဘဲ မန်ယူအသင်းက ကမ်းလှမ်းမယ်ဆိုရင်တော့ စဉ်းစားသွားမှာဖြစ်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာ ပြောလို့မရသေးဘူးလို့ ကာရစ်က ဆိုပါတယ်။

မန်ယူကွင်းလယ်ကစားသမား ကာရစ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအတွက် ၂၂ ပွဲ ကစားထားပါတယ်။

ကာရစ်ဟာ ၂၀၀၆ ခုနှစ်ကနေ လက်ရှိအချိန်ထိ မန်ယူအသင်းအတွက် ပွဲပေါင်း ၄၀၀ ကျော် ကစားထားပြီး ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၃ ကြိမ် ရရှိအောင် စွမ်းဆောင်ထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/192756

No comments:

Post a Comment