မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, March 4, 2017

ကမ္ဘာ့ ချန်ပီယံရှစ် ရိုးရာလက်ဝှေ့ ပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် တူးတူးတို့ နိုင်ပွဲရ




ကမ္ဘာ့ ချန်ပီံယံရှစ် ရိုးရာ လက်ဝှေ့ ပြိုင်ပွဲကို မတ်လ ၃ ရက်က မင်္ဂလာဒုံ မြို့တော် ဂေါက်ကွင်းမှာ ကျင်းပခဲ့ပြီး ထွန်းထွန်းမင်းနဲ့ တူးတူးတို့ နိုင်ပွဲ ကိုယ်စီရ ခဲ့ပါတယ်။



မစ်ဒယ် ၀ိတ်တန်း ချန်ပီယံ လုပွဲ အဖြစ် မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းက အင်္ဂလန်နိုင်ငံသား နီကိုလပ် ကာတာကို ပထမ အချီမှာပဲ အမှတ်စဉ် ၃ ကြိမ် ရေတွက် ခံရအောင် ထိုးသတ်ခဲ့ပြီး အလဲထိုးနဲ့ အနိုင်ယူ ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ပွဲစဉ်မှာ ပရိသတ်တွေ အတွက် အနိုင်ယူလိုစိတ် ပြင်းထန် ခဲ့တာကြောင့် အချိန်ဆွဲ မနေဘဲ ပထမ အချီမှာပဲ အလဲထိုး ခဲ့တာလို့ ထွန်းထွန်းမင်းက ပွဲအပြီးမှာ ပြောပါတယ်။



အကြီးတန်းလက်ဝှေ့ကျော် တူးတူးကတော့ သြစတြးလျနိုင်ငံသား အက်ဒီဖာရန်လ်နဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲအဖြစ် ထိုး သတ်ခဲ့တာပါ။

၅ ချီစလုံးမှာ တူးတူးက အသာစီးနဲ့ထိုးသတ်နိုင်ခဲ့ပြီး အလဲထိုးနိုင်ခြင်မရှိခဲ့ပေမယ့် ဒိုင် ၃ ဦးစလုံးရဲ့ အမှတ်ပေးမှုအရ အနိုင်ရခဲ့တာဖြစ်ပါတယ်။

တူးတူးအနေနဲ့ ဒီပွဲကို အလဲထိုးနဲ့အနိုင်ရဖို့ ပြင် ဆင်ထားပေမယ့် ပြိုင်ဘက်ကစားသမားရဲ့ ထိုးသတ်ပုံကောင်းမွန်တာကြောင့် အလဲမထိုးနိုင်ခဲ့ရတာဖြစ်ပြီး အဲဒီအတွက် ပရိသတ်တွေကို တောင်းပန်တယ်လို့ ပွဲအပြီးမှာပြောပါတယ်။



တခြားနိုင်ငံတကာပွဲစဉ် ၂ ပွဲမှာ ဖိုးသော်က မလေး ရှားနိုင်ငံသားဂျန်ကိုင်ချီကို ပထမအချီမှာပဲ အလဲထိုးနဲ့အနိုင်ယူခဲ့ပြီး ကျားပေါက်ကလည်း ကမ္ဘောဒီးယားနိုင်ငံသား ပတ်ချန်ဆင်ကို ပထမအချီ မှပဲ အလဲထိုးနဲ့အနိုင်ယူခဲ့ပါတယ်။

တခြားပြည်တွင်းကစားသမားတွေရဲ့ ၀ိတ်တန်းအလိုက်ချန်ပီယံလုပွဲ တွေမှာ စောမင်းနိုင်က ရဲသွေး၊ သက်ပိုင်အောင်က ရွှေဖားစည်၊ ထွန်းထွန်းနိုင်က ပိုက်ထွေး၊ ရန်နိုင်ထွန်းက ဇွဲရွှေကိုတို့ကို အနိုင်ရရှိခဲ့ပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/192782

No comments:

Post a Comment