မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, April 25, 2017

ပရက်စ်တန်ကို ဂိုးပြတ်နိုင်ပြီး နယူးကာဆယ် ပရီးမီးယားလိဂ်သို့ တန်းတက် (ရုပ်သံဟိုက်လိုက်)




အင်္ဂလန် ချန်ပီယံရှစ် ပွဲစဉ် အဖြစ် နယူး ကားဆယ် ယူနိုက်တက်နဲ့ ပရက်စ်တန် နော့သ်အန်းဒ်တို့ ဧပြီ ၂၄ ရက်ညက ယှဉ်ပြိုင်ရာ နယူး ကာဆယ်က ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဒီပွဲအနိုင်ရ ခဲ့တဲ့ နယူး ကာဆယ်ဟာ ရမှတ် ၈၈ မှတ်နဲ့ ပွဲမကုန်မှီ မှာပဲ အမှတ်ပေး ဇယား ဒုတိယနေရာ ကနေ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ရသွားပါတယ်။

နယူးကာဆယ်အနေနဲ့ ချန်ပီယံရှစ်ကို တရာသီ တန်းဆင်းပြီး ပရီးမီးယားလိဂ်ကို ပြန်တက်ရောက်နိုင်တာပါ။

ဒီပွဲနိုင်ရင် တန်းပြန်တက်ရမှာဖြစ်တဲ့အတွက် နယူးကာဆယ်ဟာ အင်ပြည့်အားပြည့် ဂရုစိုက်ယှဉ်ပြိုင်သွားပြီး ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အပြတ် အသာစီး ရခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာ ပရက်စ်တန်ကစားသမားတဦး တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရတဲ့အတွက်လည်း နယူးကာဆယ် ပိုပြီး အသာရခဲ့တာပါ။

နယူးကာဆယ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၇ မိနစ်နဲ့ ၆၇ မိနစ်တွေမှာ ပီရက်ဇ်၊ ၄၅ မိနစ်မှာ အတ်ဆုနဲ့ ၆၅ မိနစ်မှာ ပယ်နယ်တီမှတဆင့် ရစ်ချီတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။

ပရက်စ်တန်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၁၄ မိနစ်မှာ ဟူဂီးလ်က သွင်းယူပေးခဲ့ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/202843

No comments:

Post a Comment