မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, April 25, 2017

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ပွဲစဉ် မဲခွဲ အခမ်းနား ကျင်းပ




ဗိုလ်ချုပ် အောင်ဆန်း ဒိုင်း ရှုံးထွက် ပြိုင်ပွဲ ပွဲစဉ် မဲခွဲတဲ့ အခမ်း အနားကို ဧပြီ ၂၄ ရက်က မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ခန်းမမှာ ပြုလုပ် ခဲ့ပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း ဒိုင်း ရှုံးထွက် ပြိုင်ပွဲမှာ မြန်မာလိဂ် ကလပ် ၁၂ သင်းနဲ့ လိဂ်၂ ကလပ် ၁၁ သင်း၊ စုစုပေါင်း ၂၃ သင်း ပါဝင် ယှဉ်ပြိုင် ကြမှာပါ။

ပထမ အဆင့် ပြိုင်ပွဲမှာ လိဂ်-၂ ကလပ် အသင်း ၁၁ သင်းနဲ့ နေပြည်တော် အသင်းတို့ စတင် ယှဉ်ပြိုင် ရမှာဖြစ်ပြီး တခြား လိဂ်-၁ ကလပ်တွေက ၁၆ သင်းအဆင့် ရောက်မှ စတင် ယှဉ်ပြိုင် ရမှာပါ။

ပထမအဆင့်ပွဲစဉ် ၆ ပွဲကို လာမယ့်မေလ ၂ ရက်၊ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဖုန်ဂန်နဲ့ GFA၊ Silver Star နဲ့City Star၊ Phoenix နဲ့ မောရဝတီ၊ မြဝတီနဲ့ စီးတီးရန်ကုန်၊ နေပြည်တော်နဲ့ ဒဂုံအက်ဖ်စီ၊ မဟာယူနိုက်တက်နဲ့ တက္ကသိုလ်လက်ရွေးစင်အသင်းတို့ တွေ့ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်မယ့် အသင်း ၄ ကို ဆုကြေးကျပ် ၇၅ သိန်းစီ ချီးမြှင့်မှာဖြစ်ပြီး ချန်ပီယံဖြစ်တဲ့အသင်းကို ကျပ်သိန်း ၃၀၀ ဒုတိယရတဲ့ အသင်းကို ကျပ်သိန်း ၁၅၀ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - လွှမ်းမိုးအောင်

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/202872

No comments:

Post a Comment