
မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက နွေရာသီ အပြောင်းအရွှေ့ကာလမှာ စိတ်ကြိုက်ကစားသမားတွေ ခေါ်ယူနိုင်ဖို့ အသင်းပိုင်ရှင်က ပေါင်သန်း ၂၅၀ အထိ အသုံးပြုခွင့် ပေးထားတယ်လို့ သည်ဆန်းသတင်းစာက ရေးသားထားပါတယ်။
ပက်ဂွာဒီယိုလာ ရာသီသစ်မှာ မန်စီးတီးကို အပြောင်းအလဲများစွာ ပြုလုပ်သွားဖို့ ရှိနေပြီး အငှားချထားတဲ့ ကစားသမားတချို့နဲ့ လက်ရှိ ပထမကစားသမားများစွာကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပေးဖွယ် ရှိပါတယ်။
ပက်ဂွာဒီယိုလာဟာ အာဆင်နယ်စတား ဆန်းချက်ဇ်၊ စပါးနောက်ခံလူ ဝေါ်လ်ကာနဲ့ ဆောက်သမ်တန်စတား ဗန်ဒီဂ်ျ (Van Dijk) တို့ကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/202872





No comments:
Post a Comment