မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, April 26, 2017

တိုက်စစ်မှူး ကော်စတာ ခြေစွမ်းပြပြီး ချဲလ်ဆီးက ဆောက်သမ်တန်ကို ၄ ဂိုး ၂ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)




ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ချဲလ်ဆီးနဲ့ ဆောက်သမ်တန်တို့ ဧပြီ ၂၅ ရက် ညက ယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ချဲလ်ဆီး အတွက် အဖွင့်ဂိုးကို ပွဲ အစ ၅ မိနစ်မှာပဲ ဟာဇက်က သွင်းယူ ပေးခဲ့ ပါတယ်။

ဒီ့နောက် ပွဲချိန် ၂၄ မိနစ်မှာ ဆောက်သမ်တန် အတွက် အိုရီယို ရိုမူးက ချေပဂိုး သွင်းယူပေး ခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ချဲလ်ဆီး နောက်ခံလူ ကာဟေးက တဂိုး ထပ်သွင်း ခဲ့လို့ ပထမပိုင်း အပြီးမှာ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင် ထားနိုင် ခဲ့ပါတယ်။

ဒီပွဲမှာ ဆောက်သမ်တန်က ဘောလုံး ပိုင်ဆိုင်မှု အနည်းငယ် အသာစီး ရခဲ့ပေမယ့် ဂိုးကန်သွင်း ခွင့်မှာတော့ ချဲလ်ဆီးက အသာရ ခဲ့ပါတယ်။

ပွဲချိန် ဒုတိယပိုင်း ၅၃ မိနစ်နဲ့ ၈၉ မိနစ်တွေမှာ ချဲလ်ဆီး တိုက်စစ်မှူး ကော်စတာ ၂ ဂိုးသွင်းယူ ပေးခဲ့ပြီး ဆောက်သမ်တန် အတွက် ဒုတိယချေပ ဂိုးကိုတော့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဘာထရန်က သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီးအတွက် ခြေစွမ်းပြပြီး ၂ ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ကော်စတာကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီပွဲအနိုင်ရတဲ့ ချဲလ်ဆီးအသင်းဟာ ရမှတ် ၇၈ မှတ်နဲ့ ဒုတိယနေရာက စပါးကို ၇ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ရေး ပိုနီးစပ်လာခဲ့ပါတယ်။

ဆောက်သမ်တန်ကတော့ ရမှတ် ၄၀ နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/203064

No comments:

Post a Comment