
ပြင်သစ် ကလပ် မာဆေး အသင်းဟာ အာဆင်နယ် တိုက်စစ်မှူး ဂျရူးနဲ့ နောက်ခံလူ ကိုစီယယ်နီ တို့ကို ခေါ်ယူဖို့ ပြင်ဆင် နေပါတယ်။
ပြင်သစ် လက်ရွေးစင်တွေ ဖြစ်တဲ့ ဂျရူးနဲ့ ကိုစီယယ်နီတို နှစ်ဦးကို လာမယ့်နွေရာသီ အပြောင်း အရွှေ့မှာ ကမ်းလှမ်း သွားမယ်လို့ သိရပါတယ်။
မာဆေးအသင်းပိုင်ရှင်ဖြစ်တဲ့ အမေရိကန်သူဌေး ဖရန့်မက်စ်ကော့သ်ဟာ ပြင်သစ်လိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ မိုနာကိုတို့ကို ယှဉ်နိုင်ဖို့အတွက် ကစားသမားသစ် ၅ ဦးလောက် ခေါ်ယူဖို့ စီစဉ်ထားတာပါ။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ အသင်းဆီ တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးဘဲ ကမ်းလှမ်းလာမယ်ဆိုရင်လည်း ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ပြင်သစ်လီဂူးပွဲစဉ် ၃၄ ပွဲ ကစားပြီးချိန်မှာ မာဆေးအသင်းက အမှတ်ပေးဇယားထိပ်ဆုံးက ပီအက်စ်ဂျီ၊ မိုနာကိုတို့နဲ့ ၂၈ မှတ်အထိ ကွာဟနေပြီး အဆင့် ၆ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/203064





No comments:
Post a Comment