မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, April 27, 2017

ဘာစီလိုနာက အိုဆာဆူနာကို ၇ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)




စပိန် လာလီဂါ ပွဲစဉ် အဖြစ် ဘာစီလိုနာနဲ့ အိုဆာ ဆူနာတို့ ဧပြီ ၂၆ ရက်ညက ယှဉ်ပြိုင်ရာ ဘာစီလိုနာက အိမ်ကွင်းမှာ ၇ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရ သွားပါတယ်။

ပွဲချိန် ၁၂ မိနစ် မှာပဲ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက အဖွင့်ဂိုး သွင်းယူ ပေးခဲ့သလို မိနစ် ၃၀ မှာ အန်ဒရေ ဂိုမက်ဇ်က တဂိုး ထပ်သွင်းပေး ခဲ့လို့ ပထမပိုင်း အပြီးမှာ ဘာစီလိုနာက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် ထားနိုင် ခဲ့ပါတယ်။

ဘောလုံးရာသီ ပြီးဆုံးဖို့ နီးကပ်လာတာနဲ့အမျှ လာလီဂါချန်ပီယံဆုအတွက် ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင်ဖြစ်နေတဲ့ ဘာစီလိုနာဟာ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်နေတာပါ။

ဘာစီလိုနာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ အိမ်ရှင်အသင်းက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အပြတ် အသာစီးရခဲ့ပါတယ်။

ဘာစီလိုနာအတွက် နောက်ထပ် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၅၇ မိနစ်မှာ အန်ဒရေဂိုမက်ဇ်၊ ၆၁ မိနစ်မှာ မက်ဆီ၊ ၆၄ မိနစ်နဲ့ ၈၆ မိနစ်တွေမှာ အယ်လ် ကာဆာနဲ့ ၆၇ မိနစ်မှာ ပယ်နယ်တီမှတဆင့် မာရှေယာနိုတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။

အိုဆာဆူနာအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၄၈ မိနစ်မှာ ရော်ဘတ်တို တောရက်စ်က သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲယှဉ်ပြိုင်အပြီးမှာတော့ ဘာစီလိုနာက ၃၄ ပွဲကစား ရမှတ် ၇၈ မှတ်နဲ့ ဒုတိယနေရာက ရီးရဲလ်ထက် တပွဲပိုကစားပြီး ရမှတ်တူ၊ ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/203316

No comments:

Post a Comment