မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, April 27, 2017

ရီးရဲလ်မက်ဒရစ်က ဒီပို့တီဗိုကို ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




မနေ့ညက ယှဉ်ပြိုင် သွားတဲ့ စပိန် လာလီဂါ အမှတ်ပေး ပွဲစဉ်မှာ ထိပ်သီး ကလပ် ရီးရဲလ် မက်ဒရစ်က ဒီပို့တီဗိုကို ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ပွဲအစ ၁ မိနစ်မှာပဲ ရီးရဲလ် တိုက်စစ်မှူး မိုရာတာက အဖွင့်ဂိုး သွင်းယူပေး ခဲ့ပါတယ်။

ဒီ့နောက် ၁၄ မိနစ်မှာ ဂျိမ်းမ် ရိုဒရီဂွက်ဇ်က ရီးရဲလ် အတွက် ဒုတိယဂိုး ထပ်သွင်းပေး ခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာ ဒီပို့တီဗို ချေပဂိုးတဂိုး ပြန်ရခဲ့ပေမယ့် ၄၄ မိနစ်မှာ လူးကပ်စ် ဗက်ဇ်ကွက်ဇ်က ရီးရဲလ်အတွက် တဂိုးထပ်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ ရီးရဲလ်က ၃ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ရီးရဲလ်နည်းပြ ဇီဒန်းဟာ ဒီပွဲမှာ တိုက်စစ်မှူး ရော်နယ်ဒိုကို အနားပေးခဲ့သလို ဒဏ်ရာရနေတဲ့ ဘေးလ်လည်း ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

အဓိကတိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဘေးလ် မပါဝင်နိုင်ပေမယ့်လည်း ရီးရဲလ်က ဒီပို့တီဗိုကို ဖိအားပေး ကစားသွားနိုင်ပြီး ဘောလုံးပိုင်ဆိုင်မှုရော၊ ဂိုးကန်သွင်းခွင့်မှာပါ အနည်းငယ် အသာရခဲ့ပါတယ်။

ဒီ့နောက် ပွဲချိန် ၆၆ မိနစ်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ၇၇ မိနစ်မှာ အစ္စကိုနဲ့ ၈၇ မိနစ်မှာ ကပ်စ်မဲရိုးတို့က ရီးရဲလ်အတွက် အနိုင်ဂိုးတွေ အသီးသီး ထပ်သွင်းပေးခဲ့ပြီး ဒီပို့တီဗိုအတွက် ဒုတိယချေပဂိုးကို ၈၄ မိနစ်မှာ ဂျို့စ်လူးက သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲအနိုင်ရတဲ့ ရီးရဲလ်က ရမှတ် ၇၈ မှတ်နဲ့ ဘာစီလိုနာနဲ့ ရမှတ်ချင်းတူပေမယ့် တပွဲလျော့ကစားထားပြီး ဂိုးကွာခြားချက်အရ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေပါတယ်။

ဒီပို့တီဗိုကတော့ ၃၁ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/203316

No comments:

Post a Comment