
ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ လက်စတာတို့ မနေ့ညက ယှဉ်ပြိုင်ရာ လက်စတာ နောက်ခံလူ ရောဘတ် ဟုသ်ရဲ့ ကိုယ့်ဂိုး ကိုယ်သွင်းမိတဲ့ တလုံး တည်းသော ဂိုးနဲ့ အာဆင်နယ် အနိုင်ရ သွားပါတယ်။
အာဆင်နယ် အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ နှစ်ဘက် အပြန်အလှန် ကစားခဲ့ပေမယ့် အိမ်ရှင်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့်အသာ ရခဲ့ပါတယ်။
ပွဲချိန် ၈၆ မိနစ်မှာ အာဆင်နယ်ကစားသမား မွန်ရီယယ်ရဲ့ ကန်သွင်းချက် လက်စတာနောက်ခံလူ ရောဘတ်ဟုသ်နဲ့ထိပြီး ဂိုးဝင်သွားခဲ့လို့ အာဆင်နယ် အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ်လည်း အာဆင်နယ် ကစားသမား မွန်ရီယယ်ကို သတ်မှတ်ခဲ့ပါတယ်။
ဒီပွဲအပြီးမှာတော့ အာဆင်နယ်က ရမှတ် ၆၀ နဲ့ အဆင့် ၆ မှာပဲ ဆက်လက်ရပ်တည်နေပြီး လက်စတာကတော့ ၃၇ မှတ်နဲ့ အဆင့် ၁၅ မှာ ရှိနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/203316





No comments:
Post a Comment