မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 12, 2015

အင်္ဂလန်-လစ်သူယေးနီးယားပွဲ ပရိသတ် အဓိကရုဏ်းဖြစ် (ရုပ်သံ)




ယူရို ၂၀၁၆ အင်္ဂလန် - လစ်သူယေးနီးယား ပွဲစဉ်မှာ ၂ ဖက် ပရိသတ်တွေ အကြား ရုန်းရင်း ဆန်ခတ်မှု တွေကြောင့် ရဲတပ်ဖွဲ့ တွေက လူစုခွဲ ခဲ့ပါတယ်။

လစ်သူယေးနီးယား မြို့တော် ဗေးနီးယစ်မှာ ကစားတဲ့ ပွဲမစခင် ဂိုးအနောက် ဘက်က ပွဲကြည်စင်မှာ ၂ ဖက် ပရိသတ်တွေ ခိုက်ရန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်မှု အထိ မဖြစ်ပွားခင် ဒေသခံ ရဲတပ်ဖွဲ့က ၀င်ရောက် ဖြန်ဖြေ ခဲ့ရတယ်လို့ ဆိုပါတယ်။

အိမ်ကွင်း ပရိသတ်တွေ အတွက် ရည်ရွယ် ထားတဲ့ ပွဲကြည့်စင်နေရာကို အင်္ဂလန် အသင်းပရိသတ်တွေက ၀ယ်ယူ ခဲ့တာကလည်း ရုန်းရင်း ဆန်ခတ် ဖြစ်ပွားစေတဲ့ အကြောင်းရင်း တရပ် ဖြစ်ပါတယ်။

ပရိသတ်တွေက မီးကျည်နဲ့ ပြန်လည် ပစ်ပေါက် ခဲ့ကြတယ်လို့ သတင်းတွေက ရေးပေမယ့် အဓိကရုဏ်းကြောင့် ပရိသတ်တွေ ဘယ်နှစ်ဦး ထိန်းသိမ်းခံရ သလဲဆိုတာကိုတော့ မဖော်ပြပါဘူး။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116250


No comments:

Post a Comment