
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ရာထူး ကနေ ရက် ၉၀ ကြာ တားမြစ်ခံ ထားရတဲ့ အပေါ် ဆပ်ဘလတ္တာက အယူခံ ၀င်လိုက် ပါတယ်။
ဘောလုံးအဖွဲ့ချုပ် ကျင့်ဝတ် ကော်မတီက အကျင့်ပျက် ခြစားမှုတွေ အတွက် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့ အတွက် အောက်တိုဘာ ၈ ရက်က ဘလတ္တာ၊ အတွင်းရေးမှူး ဂျရုန်း ဗာခီနဲ့ ဒုဥက္ကဋ္ဌ ပလာတီနီ တို့ကို တားမြစ် လိုက်တာ ဖြစ်ပါတယ်။ တစုံတရာ အမှားအယွင်း မလုပ်ဘူးလို့ ဒီ ၃ ဦးလုံးက ပြောပါတယ်။
ဘလတ္တာရဲ့ သူငယ်ချင်းနဲ့ အကြံပေး တဦးက ကျင့်ဝတ် ကော်မတီကို အယူခံလျောက် ထားပြီး ဖြစ်သလို သူနေရာ အတွက် ဘလတ္တာက ကာကွယ် သွားမယ်လို့ ပြောပါတယ်။
ဒါပေမယ့်လည်း ဖီဖာ ဥက္ကဋ္ဌ ရာထူးကို ကာလ ကြာရှည် ယူထား လိုတဲ့ သူရဲ့ ဆန္ဒကို တချို့သော ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း တွေက ဝေဖန်နေ ကြပါတယ်။
အောက်တိုဘာ ၂၀ ရက် ဇူးရစ်မှာ ဖီဖာ အရေးပေါ် ဆွေးနွေးပွဲ ကျင်းပပြီး ဖေဖော်ဝါရီ လမှာ ဥက္ကဋ္ဌ နေရာ ခန့်အပ်ရေး အတွက် ဆွေးနွေး သွားဖို့ ရှိနေ ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115781

No comments:
Post a Comment