မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 10, 2015

ယူရိုခြေစစ်ပွဲ ဆွစ်ဇာလန် ၇- ၀ ဆန်မာရီနို (ရုပ်သံဟိုက်လိုက်)




အောက်တိုဘာ ၉ ရက် ယူရို ၂၀၁၆ ခြေစစ်ပွဲ အဖြစ် အုပ်စု င က ဆွစ်ဇာလန် အသင်းက ဆန်မာရီနိုကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင် ရပြီး ပြင်သစ်မှာ ကစားမယ့် ယူရို ပြိုင်ပွဲကို ပါဝင်ခွင့် ရတော့မှာ ဖြစ်ပါတယ်။

ပထမပိုင်း ပွဲအစ မှာတော့ ဆွစ်ဇာလန် အသင်းက ထင်မှတ် ထားတာ ထက်ကို ခက်ခက် ခဲခဲနဲ့ ဆန်မာရီနိုကို ကစားခဲ့ ရပါတယ်။

ပထမပိုင်း ပွဲချိန် ၁၇ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပြီး ဆွစ်ဇာလန် အသင်းက ဦးဆောင် ထားခဲ့ပေမယ့် ကျန် ၆ ဂိုးကိုတော့ ဒုတိယပိုင်းမှ သွင်းယူ သွားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဆွစ်ဇာလန် အသင်းက ပင်နယ်တီ ကန်သွင်းခွင့် ကနေ တဆင့် ၂ ဂိုး သွင်းယူ သွားတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၂ ရက်မှာတော့ ဆွစ်ဇာလန် အသင်းက အက်စ်တိုးနီးယား အသင်းနဲ့ အုပ်စု နောက်ဆုံး ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

ဆွစ်ဇာလန် အသင်းက ဒီပွဲ အနိုင်ကြောင့် ၉ ပွဲကစား ၂၇ မှတ် ရထားတဲ့ အုပ်စု ပထမ အင်္ဂလန် အသင်းရဲ့နောက် အုပ်စု ဒုတိယနေရာ ကနေ ခြေစစ်ပွဲ အောင်သွားပြီ ဖြစ်ပါတယ်။

အုပ်စု တတိယနေရာ ကနေ ရပ်တည်နေတဲ့ ဆလိုဗေး နီးယားကတော့ ခြေစစ်ပွဲ အောင်ဖို့ အတွက် တခြားအုပ်စုက တတိယ ရတဲ့ အသင်း တသင်းနဲ့ အဆုံးအဖြတ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

ဒီအတွက် ယူရို ၂၀၁၆ ဥရောပ ဖလားပြိုင်ပွဲ အတွက် ခြေစစ်ပွဲ အောင်တဲ့ အသင်း ၉ သင်း ရှိသွားပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ အင်္ဂလန်၊ စပိန်၊ ဆွစ်ဇာလန်၊ သြစတြီးယား၊ ချက်သမ္မတ နိုင်ငံ၊ အိုက်စလန်၊ မြောက် အိုင်ယာလန်၊ ပေါ်တူဂီနဲ့ အိမ်ရှင် ပြင်သစ်တို့ ဖြစ်ပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115764

No comments:

Post a Comment