
အောက်တိုဘာ ၉ ရက်က ကစား ခဲ့တဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ စပိန် အသင်းက လူဇင်ဘတ် အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိ သွားပါတယ်။
အဖွင့်ဂိုးကိုတော့ ပထမပိုင်း ၄၂ မိနစ်မှာ အာဆင်နယ်တိုက်စစ်မှူး ကာဇိုလာက သွင်းယူ ပါတယ်။ ဒီနောက် ဒုတိယ ပိုင်း ၆၇ မိနစ်မှာ ဗလင်စီယာ တိုက်စစ်မှူး ပါကို အယ်ကာဆာက သွင်းယူ ပါတယ်။ ပွဲချိန် မိနစ် ၈၀မှာ အယ်ကာဆာနဲ့ ပွဲချိန် ၈၅ မိနစ်မှာ ကာဇိုလာ ကပဲ ဂိုးတွေ ထပ်မံ သွင်းယူခဲ့ပြီး အနိုင်ရရှိ သွား ဖြစ်ပါတယ်။
စပိန်အသင်း ဂိုးပြတ် အနိုင်ရသွားပေမယ့် ကွင်းလယ်လူ ဒေးဗစ်ဆေးဗားနဲ့ ရှေ့တန်းက အယ်လ်ဗာရို မော်ရာတာတို့က ဒဏ်ရာ ရရှိသွားပါတယ်။
စပိန်အသင်းပါဝင်တဲ့ အုပ်စုမှာ စပိန်က ရမှတ် ၂၄ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ပွဲအရေအတွက်တူ အမှတ်တူ ဂိုးကွားခြားချက်ကြောင့် ဆလိုဗက်ကီးယားက ဒုတိယနဲ့ ယူကရိန်းတို့က တတိယနေရာမှာ ရပ်တည်နေပါတယ်။ ကျန်တဲ့အသင်းတွေကတော့ ဘီလာရုက ရမှတ် ၁၀ မှတ်၊ လူဇင်ဘတ်က ၄ မှတ်၊ မက်ဆီဒိုးနီးယားက ၃ မှတ် ရရှိထားပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115761

No comments:
Post a Comment