မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 10, 2015

မန်စီးတီး တိုက်စစ်မှူး အဂွီရို ဒဏ်ရာကြောင့် ၁ လ နားရမည်




အာဂျင်တီးနား အသင်း အတွက် နိုင်ငံတကာ ပွဲတွေကို ကစားပေး နေစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်က မန်စီးတီး အသင်း တိုက်စစ်မှူး အဂွီရိုက ၁ လနားရမှာ ဖြစ်ပါတယ်။

အီကွေဒေါ အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် သွားတဲ့ ပွဲမှာ ပွဲချိန် ၂၂ မိနစ်မှာ ဒဏ်ရာ ရရှိ သွားတာ ဖြစ်ပါတယ်။

ဒီအတွက် အဂွီရိုဟာ အောက်တိုဘာ ၂၅ ရက် မြို့ခံပြိုင်ဘက် မန်ချစ်စတာ ယူနိုက်တက်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အပါအ၀င် ပွဲစဉ် ၄ ပွဲနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၂ ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

အဂွီရို ဒဏ်ရာရရှိမှုနဲ့ အတူ စပိန်အသင်းက လူဇင်ဘတ်ကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတဲ့ပွဲမှာ မန်စီးတီး အလယ်တန်းလူ ဒေးဗစ်ဆေးဗားကလည်း ဒဏ်ရာရရှိသွားတဲ့ အတွက် မန်စီးတီးအသင်းအတွက် ထိုးနှက်ချက်တခု ဖြစ်လာပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115745


No comments:

Post a Comment