
အောက်တိုဘာ ၉ ရက်က ကစား ခဲ့တဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲ အင်္ဂလန် အသင်းဟာ အက်စ်တိုး နီးယား အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ဒီအတွက် အင်္ဂလန် အသင်းဟာ ၉ ပွဲကစား ၉ ပွဲနိုင် ရမှတ် ၂၇ မှတ်နဲ့ အုပ်စုကို ဦးဆောင် ထားပါတယ်။
ရွန်းနီ ဒဏ်ရာကြောင့် ပါဝင် ကစားနိုင်ခြင်း မရှိပေမယ့် အက်စ်တိုးနီးယားကို အလွယ်တကူ အနိုင်ယူ သွားနိုင်တာ ဖြစ်ပါတယ်။ အင်္ဂလန် အသင်း အတွက် ဂိုးတွေကိုတော့ ပထမပိုင်း ၄၅ မိန်စမှာ ဝေါလ်ကော့နဲ့ ဒုတိယပိုင်း ၈၅ မိနစ်မှာ စတာလင် တို့က သွင်းယူ သွားပါတယ်။
အင်္ဂလန် အသင်း မန်နေဂျာ ရိန်ဟော့ဆန်ကတော့ ထင်မှတ်ထားတဲ့ အတိုင်း ခက်ခဲတဲ့ ပွဲတပွဲ jဖစ်သလို ၂ ဂိုး ဂိုးမရှိ အနိုင်ဟာ တန်ဖိုးရှိတဲ့ အနိုင် jဖစ်တယ်လို့ ပြောပါတယ်။
ဆွစ်ဇာလန်နဲ့ပွဲမှာ ပင်နယ်တီသွင်းယူပြီး အင်္ဂလန်အသင်းအတွက် ဂိုးသွင်းစံချိန်သစ်ကို တင်လိုက်တဲ့အတွက် ပွဲမကစားချင်မှာ ရွန်နီက ဆာဘော်ဘီချာလ်တန်ထံကနေ ရွှေဖိနပ်ကို လက်ခံရရှိခဲ့ပါတယ်။
အင်္ဂလန်အသင်းပါဝင်တဲ့အုပ်စုမှာတော့ ဆွစ်ဇာလန်က ဒုတိယ၊ ဆလိုဗေးနီးယားက တတိယနဲ့ အက်စ်တိုးနီးယားက စတုတ္တနေရာမှာ ရပ်တည်နေပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115736

No comments:
Post a Comment