မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 9, 2015

Jurgen Klopp နှင့် လီဗာပူးလ် အသင်းတို့ သဘောတူ လက်မှတ် ရေးထိုး




အသက် ၄၈ နှစ် ရှိပြီဖြစ်တဲ့ ဂျာမန်နည်းပြဟာ ကြာသပတေးနေ့ နေ့လည်က ဒေါ့မွန်မြို့ ဂျွန်လန်နွန်လေဆိပ် ကနေ လီဗာပူးလ်မြို့ကို စင်းလုံးငှား လေယာဉ် တစ်စီးနဲ့ ရောက်လာ ခဲ့တာပါ။ ညနေပိုင်းမှာတော့ စာချုပ် ချုပ်ဆိုခဲ့ပြီး စာချုပ် သက်တမ်း သုံးနှစ်နဲ့ တစ်နှစ် လုပ်ခ ပေါင်ခုနစ်သန်း တန်ကြေး ရှိတယ်လို့ သိရပါတယ်။

သူ့ရဲ့လက်ထောက် နည်းပြတွေ ဖြစ်တဲ့ Buvac နဲ့ Peter Krawietz တို့ကိုလည်း စာချုပ် ချုပ်သွားမယ်လို့ ခန့်မှန်း ရပါတယ်။

တစ်ချိန်တည်းမှာပဲ မာဆေးဆိုက် ကလပ်ဟာ နည်းပြဟောင်း Rodgers ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တဲ့ Sean O' Driscoll , Glen Driscoll နဲ့ Chris Davies တို့ဟာလည်း နုတ်ထွက် သွားပြီလို့ ထုတ်ပြန် ခဲ့တာပါ။ နောက်ထပ် အဖွဲ့ဝင်ဖြစ်တဲ့ Gary McAllister ကတော့ အသင်းရဲ့ သံတမန် တစ်ယောက်အဖြစ် ဆက်ရှိနေ အုံးမယ်လို့ သိရပါတယ်။

Klopp ဟာ နည်းပြ Rodgers ရဲ့ ရာသီအစမှာ ရလဒ် ကျဆင်းခဲ့ မှုတွေကို ရပ်တန့်ပေးဖို့ အဓိက တာဝန်အဖြစ် ကိုင်တွယ် ရမှာပါ။ လီဗာပူးလ် အသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ သုံးပွဲသာ ရရှိထားပြီး ယူရိုပါလိဂ်မှာတော့ နိုင်ပွဲ မရှိသေးပါဘူး။ လိဂ်ဖလားမှာလည်း အောက် အသင်းဖြစ်တဲ့ Carlisle အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့သာ အနိုင် ရခဲ့ပါတယ်။

နည်းပြ Rodgers ဟာ မနှစ်က ပရီးမီးယားလိဂ်မှာ အဆင့်ခြောက်နေရာသာ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အသင်းပိုင်ရှင် Fensway အားကစားကုမ္ပဏီက Klopp ကို နွေအပြောင်းအရွှေ့မှာတည်းက ချဉ်းကပ်ခဲ့တာပါ။ ဒါပေမယ့် Klopp က ငြင်းဆန်ခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ပဲ ပျက်ပြယ်ခဲ့တာပါ။

Klopp ဟာ ဒေါ့မွန်အသင်းကိုလည်း ရလဒ်ပိုင်း အကျပ်အတည်းဖြစ်နေတဲ့ ၂၀၀၈ ရာသီမှာ စတင်ကိုင်တွယ်ခဲ့ပြီး တတိယရာသီအရောက်မှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အထိအောင်မြင်ခဲ့တာပါ။ ဒါကြောင့် အသင်းကို ပြန်လည် တည်ဆောက်ရာမှာ ထက်မြက်တဲ့ Klopp ကို လီဗာပူးလ် အသင်းက ဖြေဆေး အနေနဲ့ ခေါ်ယူ လိုက်တာလည်းဖြစ်ပါတယ်။

Klopp ဟာ အသင်းပိုင်ရှင် FSG ရဲ့ ထောက်ခံမှုကို အဓိက ရရှိထားတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် Klopp အနေနဲ့ ပွဲဦးထွက်ယှဉ်ပြိုင်ရမယ့် စပါးအသင်းနဲ့ပွဲစဉ်မှာ ဘယ်လိုရလဒ်ကို ရယူပေးနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

သစ်ထူးလွင်(အားကစား)

Original link - http://sports.thithtoolwin.com/2015/10/jurgen-klopp_9.html


No comments:

Post a Comment