မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 9, 2015

အာဆင်နယ် ကစားသမား Theo Walcott က အင်္ဂလန် အသင်းတွင်လည်း တိုက်စစ်မှူး အဖြစ် ပွဲထွက် လိုသည်ဟု ပြော




Walcott ဟာ Rooney သာ ခြေကျင်းဝတ် ဒဏ်ရာက ပြန်လည် မသက်သာ လာဘူး ဆိုရင် လာမယ့် အက်စတိုး နီးယားနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး အဖြစ် ပွဲထွက် လိုတယ်လို့ ပြောလိုက်တာပါ။ အင်္ဂလန်ရဲ့ အဓိက တိုက်စစ်မှူး Rooney ဟာ ဒဏ်ရာ ပြဿနာကြောင့် လေ့ကျင့်ခန်း အစီအစဉ် နှစ်ခုကို လွဲချော် ခဲ့ပြီး
အက်စတိုး နီးယားနဲ့ ပွဲကိုလည်း မပါဝင်နိုင်ဖို့ သေချာ သလောက် ဖြစ်နေပါတယ်။

Walcott ဟာ အင်္ဂလန်အတွက်တော့ ညာတောင်ပံမှာသာ နေရာပေးခံထားတာကြောင့် တိုက်စစ်မှူးအဖြစ်နဲ့ ပွဲထွက်လိုနေတာပါ။ သူဟာ အာဆင်နယ်အသင်းမှာတော့ တိုက်စစ်မှူးအဖြစ်နေရာပေးခံထားရပြီး ဂိုးတွေသွင်းနိုင်နေတာကြောင့် သူ့ကိုယ်သူ တိုက်စစ်မှူးနေရာမှာ ကစားဖို့ ယုံကြည်မှုတွေ ရှိနေတာပါ။

" ကျွန်တော့်ကို တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ကစားဖို့ အားလုံးက မြင်ချင်ကြပါတယ်။ ကျွန်တော့်ကို အင်္ဂလန်မှာလည်း တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ပဲ ထပ်ပြီးမြင်ချင်ကြမယ်ထင်ပါတယ်။

Rooney ကတော့ အသက်တွေသာကြီးသွားပေမယ့် ပိုပို တိုးတက်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် သူက မန်ယူမှာတိုက်စစ်မှူး နေရာမဟုတ်တော့ဘဲ ကွင်းလယ်တိုက်စစ်အနေနဲ့ ကစားနေတာပါ။

သူဟာ အင်္ဂလန်မှာလည်း ကွင်းလယ်တိုက်စစ်အဖြစ်ကစားပြီး ကျွန်တော်က တိုက်စစ်မှူးနေရာမှာ ကစားရင်အကောင်းဆုံး အနေအထားတစ်ရပ်ကို ဖန်တီးနိုင်မယ်လို့ ထင်ပါတယ် " လို့ ပြောပါတယ်။

အင်္ဂလန်ဟာ ယူရိုခြေစစ်ပွဲမှာ ကစားထားတဲ့ ရှစ်ပွဲလုံးကို အနိုင်ရထားပြီး ခြေစစ်ပွဲလည်း အောင်မြင်သွားပါပြီ။ ဒါပေမယ့် ပွဲကျန်တွေအဖြစ် အက်စတိုးနီးယား , လစ်သူရေးနီးယားတို့နဲ့ သောကြာနေ့နဲ့ တနင်္လာနေ့တို့နဲ့ ကစားသွားမှာဖြစ်ပါတယ်။

သစ်ထူးလွင်(အားကစား)

Original link - http://sports.thithtoolwin.com/2015/10/theo-walcott.html


No comments:

Post a Comment