
ဓာတ်ပုံ - ရိုက်တာ
အခွန်တိမ်းရှောင်မှုနဲ့ စပိန် လာလီဂါ ဘာစီလိုနာနဲ့ အာဂျင်တီးနား လက်ရွေးစင် ဘောလုံး သမား လိုင်ယွန်နယ် မက်ဆီ တရား ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။
အခွန် တိမ်းရှောင်မှု စွပ်စွဲချက်ကို ပယ်ဖျက်ပေးဖို့ တရားလို တွေက လျှောက်ထားပေမယ့် တရားသူကြီးက ပယ်ချခဲ့တဲ့ အတွက် မက်ဆီနဲ့ ဖခင် ဂျော့တို့ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အမှုအတွက် ရက်သတ်မှတ် ရခြင်း မရှိသေး ပါဘူး။
ယူရို ၄ သန်း အခွန်ရှောင်တိမ်းမှုနဲ့ မက်ဆီတို့ ၂ ဦး စွပ်စွဲခံထားရတာ ဖြစ်ပြီး မက်ဆီကတော့ တစုံတရာ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
အခွန်တာဝန်ရှိသူတွေရဲ့ ရှေ့နေတွေကတော့ ထောင်ဒဏ် ၂၂ လ ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
မက်ဆီရှေ့နေကတော့ စာချုပ်တွေကို ဖတ်ရှုသုံးသပ်ဖို့အတွက် သူ့ရဲ့ အမှုသည်က အချိန်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115580

No comments:
Post a Comment