
ဓာတ်ပုံ - independent
နယ်သာလန် အသင်းရဲ့ လေ့ကျင့်ရေး ကွင်းမှာ အင်္ဂလန် မန်ချက်စတာ ယူနိုက်တက် အသင်းက ကစားသမား ဒီပေးနဲ့ တူရကီ ကလပ် ဖင်နာဘာချီမှာ ကစားနေတဲ့ ဒီပေးတို့ အချင်းများ ခဲ့ပါတယ်။
ကာဇက်စတန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ မတိုင်မှီ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကို နည်းပြ ဒင်နီဘလိုင်းက အတည်ပြု ခဲ့ပါတယ်။
“ကစားသမားတွေ အမြင်မတူတဲ့ အခြေအနေတွေ လေ့ကျင့်ရေးကွင်းမှာ ဖြစ်လေ့ရှိပါတယ်၊ ဒီနောက်တော့လည်း ဒါဟာ ပြီးသွားတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ပထမ ကစားသမား ၁၁ ဦးစာရင်းမှာ ဗန်ပါစီကို မထည့်တာဟာ ဒီဖြစ်ရပ်နဲ့ သက်ဆိုင်ခြင်း မရှိဘဲ ကြံ့ခိုင်မှုနဲ့သာ သက်ဆိုင်တယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက်ပွဲစဉ်မှာ နိုင်ငံအတွက် ၄၉ ဂိုးသွင်းယူထားတဲ့ အသက် ၃၂ နှစ် ဗန်ပါစီဟာ ပထမ ကစားသမား ၁၁ ဦးစာရင်းမှာ ချန်လှပ်ထားခြင်းခံရပြီး လူစားဝင်ကစားခဲ့ရပါတယ်
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/116273

No comments:
Post a Comment