
ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ မြောက် အိုင်ယာလန်က ဂရိ အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ခြေစစ်ပွဲ အောင်မြင် သွားပြီ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင် စတီဗင် ဒေးဗစ်က ၂ ဂိုးနဲ့ တိုက်စစ်မှူး မာဂျန်းနစ်တို့က ၁ ဂိုး သွင်းယူပြီး နှစ် ၃၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ယူရို ဘောလုံး ပြိုင်ပွဲကို ၀င်ရောက် ကစားရမှာ ဖြစ်ပါတယ်။
ဂရိအသင်း အတွက် ခရစ်တို့စ် အာရာဗီဒစ်က နှစ်သိမ့်ဂိုး ၁ ဂိုး သွင်းယူ သွားပါတယ်။
ပွဲသိမ်း ခရာမှုတ် အပြီး မြောက် အိုင်ယာလန် ပရိသတ်တွေက အိမ်မပြန်ဘဲ ကစား ကွင်းထဲမှာ သီချင်းတွေ သီဆိုပြီး အောင်ပွဲ ခံခဲ့ပါတယ်။
မန်နေဂျာ အိုနေးလ်ကတော့ ထိပ်တန်း ကစားသမား ၄ ဦး မပါပေမယ့် ပွဲကို အကောင်းဆုံး အနိုင် ကစားနိုင်တယ်လို့ ပြောပါတယ်။
အုပ်စု အက်ဖ်မှာ မြောက်အိုင်ယာလန် အသင်းဟာ ၉ ပွဲ ကစား၊ ရမှတ် ၂၀ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည်နေတာပါ။
ရိုမေးနီးယား ကတော့ အိမ်ကွင်းမှာ ဖင်လန် အသင်းနဲ့ ၁ ဂိုးစီ သရေကျ သွားလို့ ၉ ပွဲကစား ရမှတ် ၁၇ မှတ်နဲ့ အုပ်စု ဒုတိယ aနရာမှာ ရှိနေပါတယ်။
အောက်တိုဘာ ၁၁ ရက်မှာတော့ မြောက်အိုင်ယာလန်အသင်းဟာ နောက်ဆုံးပွဲစဉ်အဖြစ် ဖင်လန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115564
No comments:
Post a Comment