
အောက်တိုဘာ ၁၃ ရက်က ယှဉ်ပြိုင် သွားတဲ့ ယူရို ၂၀၀၆ ခြေစစ်ပွဲမှာ ဝေလ်း အသင်းဟာ အန်ဒိုရာ အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး တဲ့နောက် အုပ်စု ဒုတိယနေရာ ကနေ ခြေစစ်ပွဲ အောင်သွား ပါတယ်။
၁၉၅၈ ခုနှစ် ကမ္ဘာဖလား နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဥရောပ ပြိုင်ပွဲကို ၀င်ရောက် ကစားရမှာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ အန်ဒိုရာ နောက်တန်းကြောင့် ဝေလ်း အသင်း ဂိုးမသွင်းနိုင် ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်း မိနစ် ၅၀မှာတော့ ရမ်ဆေးက အဖွင့်ဂိုးကို စတင်သွင်းယူပါတယ်။ ဒီနောက်မှာတော့ ဒုတိယပိုင်း ၈၅ မိနစ်မှာ ဂရတ်ဘေလ်းက ဒုတိယဂိုးကို သွင်းယူသွားပါတယ်။ ဒီပွဲမှာ ဝေလ်းအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၈၁ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။
ဒီပွဲနိုင်တဲ့အတွက် ၁၀ ပွဲကစား ၂၁ မှတ် အုပ်စု (ခ) ဒုတိယနေရာကနေ ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။ ဒီအုပ်စုမှာ ဘယ်လ်ဂျီယံက အုပ်စုပထမ၊ ဘော့စနီးယား- ဟာဇီဂိုးဗီးယားက တတိယနေရာမှာ ရပ်တည်နေပါတယ်။
ဝေလ်းအသင်းရဲ့ အောင်မြင်မှုကို ပရိသတ်တွေက တခဲနက် အောင်ပွဲခံခဲ့ကြပါတယ်။
ဝေလ်းအသင်းနည်းပြကတော့ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုက မယုံနိုင်စရာကောင်း သလို မမြင်ဖူးဘူးလို့ ပြောပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/116378

No comments:
Post a Comment